Premier League

ရက်ရှ်ဖိုဒ့်ကို ဒီဂီယာရနေတဲ့ လစာပေးပြီး စာချုပ်သစ်ချုပ်ဖို့ ယူနိုက်တက်လုပ်ဆောင်

ယူနိုက်တက်အသင်းဟာ ရက်ရှ်ဖိုဒ့်ကို အခုရရှိနေတဲ့ လုပ်ခလစာထက် ၂ ဆနီးပါးပေးပြီး စာချုပ်သစ်ချုပ်ဆိုဖို့ ရှိလို့ ရက်ရှ်ဖိုဒ့်ဟာ အသင်းမှာ လုပ်ခလစာအများဆုံးရ ကစားသမားဖြစ်လာဖို့ ရှိနေပါတယ်။

ယူနိုက်တက်အသင်းဟာ စာချုပ်ပါအချက်ကို အသက်သွင်းခဲ့တာကြောင့် ရက်ရှ်ဖိုဒ့်ဟာ အသင်းမှာ နောက်ထပ်တစ်ရာသီဆက်ရှိနေမှာပါ။ဒါပေမယ့် ယူနိုက်တက်အသင်းဟာ ရက်ရှ်ဖိုဒ့်ကို ၅ နှစ်သက်တမ်းတိုးဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။

စာချုပ်သက်တမ်းတိုးခဲ့ရင် ရက်ရှ်ဖိုဒ့်ဟာ ယူနိုက်တက်အသင်းမှာ အခုရနေတဲ့ လုပ်ခလစာ တစ်ပတ်ပေါင် ၂ သိန်းအစား တစ်ပတ်ပေါင် ၃ သိန်း ၇ သောင်း ၅ ထောင်ရရှိမှာပါ။

ဒါဟာ အခုလအကုန်မှာ အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ဂိုးသမား ဒီဂီယာရနေတဲ့ လုပ်ခလစာဖြစ်ပြီး အသင်းဘက်က ဒီဂီယာနဲ့ ရက်ရှ်ဖိုဒ့်ရဲ့လုပ်ခလစာကို အလဲအလှယ်ပြုလုပ်ချင်နေတာဖြစ်ပါတယ်။

ဒီဂီယာကို ယူနိုက်တက်က စာချုပ်သစ်ချုပ်ဖို့ ကမ်းလှမ်းထားပြီး အခုရနေတဲ့လစာထက် အများကြီးလျော့တဲ့ လစာပမာဏကို စာချုပ်သစ်ချုပ်ရင်ပေးဖို့ လုပ်နေလို့ ကြန့်ကြာနေတာဖြစ်ပါတယ်။့

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ