ပြင်သစ်လီဂူး

မက်ဆီပြီးတော့ ရာမို့စ်လည်း ထွက်ခွာမယ်လို့ ပီအက်စ်ဂျီအတည်ပြု

ရာမို့စ်ဟာ ပီအက်စ်ဂျီအသင်းမှာ ၂ ရာသီကြာကစားပြီးနောက် အခုရာသီအကုန်မှာ အသင်း‌ကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။

ရာမို့စ်ဟာ မက်ဆီလိုပဲ အခုရာသီအကုန်မှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မှာပါ။၂၀၂၁ က ရီးရယ်လ်နဲ့ စာချုပ်ကုန်ဆုံးပြီးနောက် ပီအက်စ်ဂျီကို ရောက်ရှိလာခဲ့တဲ့ ရာမို့စ်ဟာ ပထမရာသီကို ဒဏ်ရာတွေနဲ့ ဖြတ်သန်းခဲ့ရတာပါ။

ဒုတိယရာသီမှာတော့ ရာမို့စ်ဟာ အသင်းအတွက် အကောင်းဆုံးကစားပေးနိုင်ခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းလိုချင်နေတဲ့ ချန်ပီယံလိဂ်ဖလားတော့ ရအောင်မယူပေးနိုင်ခဲ့တာပါ။ရာမို့စ်ဟာ ပီအက်စ်ဂျီအသင်းနဲ့အတူ လီဂူးဝမ်းဖလား ၂ ကြိမ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ရာမို့စ်က “မနက်ဖြန်ကတော့ အထူးနေ့ပါပဲ၊
မနက်ဖြန်ကတော့ ကျွန်တော့်ဘဝရဲ့နောက်တစ်ဆင့်ဖြစ်တဲ့ ပီအက်စ်ဂျီကို နှုတ်ဆက်ရတော့မှာပါ။ပြိုင်ပွဲတိုင်းကို ပါဝင်ကစားခဲ့ပြီး အရာအားလုံးကိုပေးခဲ့တဲ့ ၂ နှစ်တာအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

ရာမို့စ်ဟာ ကလားမောင့်နဲ့ပွဲမှာ ပီအက်စ်ဂျီပရိသတ်တွေကို နှုတ်ဆက်မှာဖြစ်ပြီး ဆော်ဒီကလပ်အသင်းတွေရဲ့ချိတ်ဆက်မှုတွေ ခံခဲ့ရတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

ပြင်သစ်လီဂူး

အာဂျင်တီးနားနဲ့ ပြီးတော့ ပီအက်စ်ဂျီနဲ့ပါ ဖရီးကစ်ကနေ ဂိုးသွင်းယူခဲ့ပြန်တဲ့ မက်ဆီ

ပီအက်စ်ဂျီအသင်းက နိုက်စ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ မက်‌ဆီဟာ ဖရီးကစ်ကနေ တိုက်ရိုက်ဂိုးကန်သွင်းယူခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် ဒုတိယဂိုးကို ဘတ်ပီက သွင်းယူခဲ့တာပါ။မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး အာဂျင်တီးနားအတွက် ဖရီးကစ်ဂိုးသွင်းပြီး
ပြင်သစ်လီဂူး

တစ်ရာသီကို အနီကတ်တစ်ကတ်မှ မထိရရင် နေမထိထိုင်မသာဖြစ်နေတဲ့ ရာမို့စ်

ရာမို့စ်ဟာ ရိမ်းစ်နဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံရပြီးနောက် ကစားသမားဘဝ ၂၈ ကတ်မြောက်အနီကတ်ကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ရာမို့စ်ဟာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဒိုင်လူကြီးက အဝါကတ်တစ်ကြိမ်ပြသခဲ့ပြီးဖြစ်ပေမယ့် ဒိုင်လူကြီးကို စောဒကတက်ခဲ့တာကြောင့် နောက်ထပ် အဝါကတ်ပြသခံရပြီး ထုတ်ပယ်ခံခဲ့ရတာပါ။