Premier League

မန်စီးတီးကို ရပ်တန့်ဖို့မဟုတ်ဘဲ ဆုဖလားရဖို့အကြောင်းပဲတွေးတယ်လို့ အဲရစ်တန်ဟတ်ပြော

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်က မန်စီးတီးရဲ့ဆုဖလား ၃ လုံးအောင်မြင်မှုကို ရပ်တန့်ဖိုကို စိတ်မဝင်စားဘဲ ကိုယ့်အသင်း ဆုဖလားအောင်မြင်မှုရဖို့အတွက်ပဲ တွေးတယ်လို့ ပြောခဲ့ပါတယ်။

အဲရစ်တန်ဟတ်ဟာ ဒီရာသီဒုတိယမြောက်ဆုဖလားအဖြစ် FA ဖလားကို ရယူနိုင်ဖို့ မျှော်လင့်ထားပါတယ်။ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကာရာဘောင်းဖလားရရှိထားပြီး ၆ နှစ်ကြာဆုဖလား လက်မဲ့ဖြစ်တာကို အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ၁၉၉၉ က ယူနိုက်တက်အသင်းရဲ့အောင်မြင်မှုဖြစ်တဲ့ ပရီးမီးယားလိဂ်၊အက်ဖ်အေဖလားနဲ့ ကာရာဘောင်းဖလားတို့ကို ရယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။အဲရစ်တန်ဟတ်ကတော့ ဒီအကြောင်းတွေထက် သူတို့ဟာ ဆုဖလားအောင်မြင်မှုရဖို့အတွက်သာ တွေးတယ်လို့ ပြောခဲ့တာပါ။

အဲရစ်တန်ဟတ်က “ကျွန်တော်တို့ ဒီဖလားကို ရယူချင်ပါတယ်။ဒါက မန်စီးတီးကို ရပ်တန့်ဖို့မဟုတ်ပါဘူး။ကျွန်တော်တို့ ဆုဖလားရယူနိုင်မယ့်အကြောင်းပါ။အခွင့်အရေးကောင်းပါပဲ။ဖလားဗိုလ်လုပွဲမှာ မန်စီးတီးနဲ့တွေ့ရတာက အလွန်ကောင်းပါတယ်”

“ဒါက အခွင့်ရေးကောင်းဖြစ်ပြီး ဒီအတွက် ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်။ဒီပွဲက ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ စမ်းသပ်မှုပါ။မန်စီးတီးက အလွန်ကောင်းမွန်ပေမယ့် သူတို့ကို ကြည့်သွားမှာမဟုတ်ဘူး”လို့ ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ