ဘရာဇီးလ်ကွင်းလယ်ကစားသမား ဖရက်ဒ်ဟာ ဖီနာဘာချီအသင်းထံ ပြောင်းရွှေ့ဖို့အတွက် နှစ်ဖက်အသင်းကြား သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဖရက်ဒ်အတွက် ဖီနာဘာချီအသင်းက ကမ်းလှမ်းတဲ့ ပေါင်(၁၀)သန်း၊အပိုဆုကြေးပေါင်(၅)သန်းကို လက်ခံလိုက်တာပါ။အဲ့ဒါကြောင့် ကစားသမားဟာ တူရကီကလပ်နဲ့ ဆေးစစ်မှုတွေပြုလုပ်တော့မှာဖြစ်ပြီး အပြောင်းအရွှေ့ကို မကြာခင်အချိန်မှာ ကြေညာသွားဖို့ရှိနေပါတယ်။
ဖရက်ဒ်ဟာ ယူနိုက်တက်အသင်းအတွက် လိုင်ယွန်အသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားခဲ့ပြီး ကျန်တဲ့ခြေစမ်းပွဲတွေမှာ အသင်းအတွက် ပါဝင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ဖရက်ဒ်ဟာ ဒီရာသီ ယူနိုက်တက်အသင်းမှာ နေရာရဖို့ မသေချာတာကြောင့် ထွက်ခွာဖို့ကို အလေးထားလုပ်ဆောင်ခဲ့တာပါ။

ဖရက်ဒ်ဟာ ၂၀၁၈ က ရှက်တာဒိုးနက်အသင်းကနေ ယူနိုက်တက်အသင်းဆီရောက်လာခဲ့ပြီး အသင်းအတွက်ပွဲပေါင်း ၂၁၃ ပွဲပါဝင်ကစားကာ ၁၄ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ဖရက်ဒ်ဟာ ပြီးခဲ့တဲ့ရာသီက အသင်းနဲ့အတူ ကာရာဘောင်းဖလားရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ဖရက်ဒ်အပြင် မက်ဂွဲယား၊ တော်မီနေးနဲ့ ဘိုင်းလီတို့ကို ရောင်းချဖို့ လုပ်ဆောင်နေပြီး ဗန်ဒီဘီခ်ကိုလည်း အငှားချဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။