လီဗာပူးလ်အသင်းဟာ ဘရိုက်တန်အသင်းကွင်းလယ် ကိုင်စီဒိုကို ခေါ်ယူမယ့် ပြိုင်ဆိုင်မှုမှာ ချယ်လ်ဆီးအသင်းကို အနိုင်ယူသွားခဲ့တယ်လို့ သိရပါတယ်။

လီဗာပူးလ်အသင်းဟာ ကိုင်စီဒိုအတွက် ပေါင်သန်း ၁၁၀ နဲ့ ကမ်းလှမ်းခဲ့တာကို ဘရိုက်တန်အသင်းက လက်ခံခဲ့တာပါ။ချယ်လ်ဆီးအသင်းကလည်း ပေါင်သန်း ၁၀၀ နဲ့ နောက်ဆုံးအကြိမ်ကမ်းလှမ်းခဲ့ပေမယ့် လီဗာပူးလ်အသင်းရဲ့ကမ်းလှမ်းမှုက ပိုပြီးများခဲ့တာကြောင့် ဘရိုက်တန်အသင်းက လီဗာပူးလ်ရဲ့ကမ်းလှမ်းမှုကို လက်ခံခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ အခုအပြောင်းအရွှေ့မှာ ကိုင်စီဒိုကို ခေါ်ယူနိုင်ဖို့ ဦးစားပေးကြိုးပမ်းခဲ့ပေမယ့် ကွင်းလယ်ပိုင်း လိုအပ်ချက်တွေရှိနေတဲ့ လီဗာပူးလ်အသင်းဟာ ဒီအပြောင်းအရွှေ့ထဲ ဝင်ရောက်လာခဲ့တာပါ။လီဗာပူးလ်အသင်းဟာ အစောပိုင်းက ဆောက်သမ်တန်ကွင်းလယ်လူ လာဗီးယားကို ခေါ်ယူဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းဟာ လာဗီးယားအတွက် လီဗာပူးလ်အသင်းရဲ့ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့တာကြောင့် အန်ဖီးလ်ကလပ်ဟာ ကိုင်စီဒိုကို ခေါ်ယူနိုင်ဖို့ အလျင်အမြန်ကြိုးပမ်းခဲ့တာပါ။လီဗာပူးလ်နဲ့ ကိုင်စီဒိုတို့ဟာ သဘောတူညီမှုမရသေးပေမယ့် လီဗာပူးလ်အသင်းဟာ ဒီနေ့မှာ ဆေးစစ်မှုတွပြုလုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။