Premier League

ဟာလန်းရဲ့ခြေစွမ်းပြမှုနဲ့ တပည့်ဟောင်း ကွန်ပနီကို အဖွင့်ပွဲမှာ အနိုင်ယူခဲ့တဲ့ ဂွာဒီယိုလာ

ရာသီသစ်ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် ဘန်လေနဲ့ မန်စီးတီးအသင်းတို့ကစားခဲ့ရာ မန်စီးတီးအသင်းက ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး အဖွင့် ၃ မှတ်စတင်ပိုင်ဆိုင်သွားခဲ့ပါတယ်။

ဒီပွဲမှာ မန်စီးတီးအသင်းအတွက်ဂိုးတွေကို ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ ၅၂ ဂိုးသွင်းယူခဲ့တဲ့ ဟာလန်းက ၂ ဂိုးနဲ့ ရိုဒရီက ၁ ဂိုးသွင်းယူခဲ့တာပါ။ဟာလန်းကတာ့ ရာသီသစ် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့အဖွင့်ဂိုးသွင်းယူသူအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ တစ်ပွဲလုံးအသာစီးနဲ့ ကစားနိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၆၆ ရာခိုင်နှုန်း၊ဂိုးပေါက်ကန်သွင်းမှု ၁၇ ကြိမ်၊ ဂိုးပေါက်တည့်မှု ၈ ကြိမ်အထိရှိခဲ့တာပါ။ဘန်လေအသင်းကတော့ ဘောလုံးပိုင်ဆိုင်မှု ၃၄ ရာခိုင်နှုန်း၊ဂိုးပေါက်ကန်သွင်းမှု ၆ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၁ ကြိမ်သာရှိခဲ့တာဖြစ်ပါတယ်။

ဒီပွဲရဲ့နာကျင်အချိန်ပိုမှာ ဘန်လေကစားသမား ဇာရိုရီ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ဒီအနီကတ်ဟာ အခုနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ပထမဆုံးအနီကတ်လည်း ဖြစ်ခဲ့တာပါ။မန်စီးတီးအသင်းဟာ ဘန်လေအသင်းနဲ့ တွေ့ဆုံခဲ့တဲ့ နောက်ပိုင်းနှစ်တွေမှာ ဂိုးပြတ်နိုင်ပွဲတွေပဲ ရယူခဲ့သလို ဒီတစ်ကြိမ်မှာလည်း ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ