Premier League

ကာရာဘောင်းဖလားရတုန်းက အလွန်အကျွံအောင်ပွဲခံတဲ့ ယူနိုက်တက်ကို မူလန်စတင်းဝေဖန်

ဆာအဲလက်စ်ဖာဂူဆန်ရဲ့ လက်ထောက်နည်းပြဟောင်း မူလန်စတင်းက ကာရာဘောင်းဖလားရတုန်းက အလွန်အကျွံအောင်ပွဲခံခဲ့တဲ့ အသင်းဟောင်းရဲ့ အောင်ပွဲခံမှုကို ဝေဖန်သွားခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ကာရာဘောင်းဖလားဗိုလ်လုပွဲမှာ နယူးကာဆယ်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၆ နှစ်ကြာဆုဖလားနဲ့ ဝေးကွာတာကို အဆုံးသတ်နိုင်ခဲ့သလို နည်းပြ အဲရစ်တန်ဟတ်လက်ထက် ပထမဆုံးဆုဖလားလည်း ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ လီဗာပူးလ်အသင်းရဲ့ ဖိအားပေးခြင်းခံနေရတဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် လက်ကျန် ၃ ပွဲမှာ ၂ ပွဲအနိုင်ရဖို့ လိုအပ်နေတာပါ။မြို့ခံပြိုင်ဘက် မန်စီးတီးကတော့ ဒီရာသီမှာ ဆုဖလား ၃ လုံးရယူနိုင်ဖို့ ပစ်မှတ်ထားနေပြီး ယူနိုက်တက်နဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲ ကစားဖို့ ရှိနေပါတယ်။

လက်ထောက်နည်းပြဟောင်း မူလန်စတင်းက ယူနိုက်တက်အနေနဲ့ ကြီးမားတဲ့ စွမ်းဆောင်ရည်နဲ့ စွမ်းဆောင်နိုင်ဖို့ လိုအပ်နေတာဖြစ်ပြီး ကာရာဘောင်းဖလားရတုန်းက အလွန်အကျွံအောင်ပွဲခံခဲ့တဲ့ အပေါ် ဝေဖန်မှုပြုလုပ်ခဲ့တာပါ။

မူလန်စတင်းက “ယူနိုက်တက်အသင်းဟာ ကာရာဘောင်းဖလားအောင်ပွဲခံအပြီးမှာ ပြဿနာနည်းနည်းရှိခဲ့ပါတယ်။ယူနိုက်တက်အနေနဲ့ ကာရာဘောင်းဖလားကို အောင်မြင်ခဲ့တာက ကောင်းပါတယ်။ဒါက နည်းပြတိုင်းအလိုရှိတဲ့အရာပါ။ပျော်လည်းပျော်ရွှင်ရမှာဖြစ်သလို အောင်ပွဲခံရမှာလည်းဖြစ်ပေမယ့် အလွန်အကျွံတော့ မလုပ်သင့်ပါဘူး”

“ချန်ပီယံလိဂ်ဖလားရသလိုမျိုးတော့ အောင်ပွဲမခံပါနဲ့။ဒါက အနည်းငယ်တော့ ကိစ္စရှိခဲ့ပါတယ်။ကာရာဘောင်းဖလားကို ရရုံနဲ့ ယူနိုက်တက်က ပျော်ရွှင်နိုင်မှာမဟုတ်ပါဘူး။မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမယ့် ကြီးမားတဲ့ အခွင့်အရေးတစ်ခုရရှိထားပါတယ်”လို့ ဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ