Europa League

ဗိုလ်လုပွဲမတက်လို့ စိတ်ပျက်ပေမယ့် ငိုနေမှာမဟုတ်ဘူးလို့ ပြောခဲ့တဲ့ အလွန်ဆို

လေဗာကူဆင်အသင်းနည်းပြ အလွန်ဆိုက ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာ ရိုးမားအသင်းကို အနိုင်မရခဲ့တဲ့အတွက် စိတ်ပျက်ပေမယ့် ငိုနေမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

လေဗာကူဆင်အသင်းဟာ အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ပွဲမှာ ရိုးမားအသင်းကို အသာစီးနဲ့ ကစားခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့တာပါ။ရိုးမားအသင်းဟာ ပထမအကျော့က အနိုင်ရခဲ့တဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ ဗိုလ်လုပွဲတက်နိုင်ခဲ့တာဖြစ်ပါတယ်။

“ကစားသမားတွေနဲ့ ပရိသတ်တွေအတွက် စိတ်ပျက်မိပါတယ်။ဗိုလ်လုပွဲတက်ဖို့အခွင့်အရေးကောင်းတွေရခဲ့ပြီး ဒီညမှာ ကစားသမားတွေ ခက်ခက်ခဲခဲကစားခဲ့ရပါတယ်။ဒါပေမယ့် အနာဂတ်အတွက် အကောင်းမြင်ပါတယ်”

“စိတ်ပျက်စရာကောင်းပေမယ့် ငိုမှာမဟုတ်ပါဘူး။ဂိုးသွင်းဖို့အခွင့်အရေးတွေရခဲ့တယ်၊ဗိုလ်လုပွဲရောက်ဖို့ အရာအားလုံးပေးခဲ့ပါတယ်။ကောင်းမွန်စွာပြင်ဆင်ခဲ့ပေမယ့် ကြီးမားတဲ့ ခြားနားချက်က ပထမအကျော့မှာ ဂိုးပေးခဲ့ရတာပါ”

“ဗိုလ်လုပွဲတက်ဖို့ ထိုက်တန်ခဲ့ပေမယ့် မငိုချင်ပါဘူး။ပြောနိုင်တဲ့ တစ်ခုတည်းသောအရာက ရိုးမားကို ဂုဏ်ပြုတာနဲ့ ဗိုလ်လုပွဲမှာ ကံကောင်းပါစေလို့ပြောခဲ့ပါတယ်။ဟ

ဆက်စပ်သတင်းများ

Europa League

ပင်နယ်တီပေးပြီးရှုံးခဲ့တဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ်ပေါက်ကွဲ

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဆိုစီဒက်တို့ရဲ့ ယူရိုပါလိဂ်ပွဲမှာ ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ ပတ်သက်လို့ ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ် ပေါက်ကွဲနေကြပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ဆိုစီဒက်ကို ဒီပင်နယ်တီဂိုးကြောင့်ပဲ တဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ နောက်ခံလူ
Europa League

အဲလိဇဘက်ဘုရင်မကြီးအတွက် တမိနစ်ငြိမ်သက်ပေးချိန်မှာ လှောင်ပြောင်ခံခဲ့ရ

မနေ့ညက ကစားခဲ့တဲ့ ဇူးရစ်ချ်နဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ်အုပ်စုပွဲ ဒုတိယပိုင်းမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ခြင်းအတွက် တမိနစ် ငြိမ်သက် အောက်မေ့ခဲ့ကြပါတယ်။ ဒီပွဲ ကစားနေချိန်မှသာ ဘုရင်မကြီးရဲ့ သတင်းကို ကြားသိခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ဒုတိယပိုင်း ပွဲပြန်မစခင်မှာ