Premier League

အမှားအယွင်းပြုလုပ်ခဲ့တဲ့ VAR ဒိုင်လူကြီးကို အရေးယူမှုစတင်လုပ်ခဲ့တဲ့ ပရီးမီးယားလိဂ်

ပြီးခဲ့တဲ့ အပတ်ကကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အမှားအယွင်းကြီးကြီးမားမား ပြုလုပ်ခဲ့တဲ့ ဂျွန်ဘရွတ်ခ်စ်ကို လီဗာပူးလ်နဲ့ အဲဗာတန်၊အာဆင်နယ်နဲ့ မန်စီးတီးအသင်းတို့ပွဲမှာ VAR ဒိုင်လူကြီးအဖြစ် တာဝန်ပေးထားတာကနေ ဖယ်ရှားလိုက်တာဖြစ်ပါတယ်။

ဂျွန်ဘရွတ်ခ်ဟာ ပဲလေ့စ်နဲ့ ဘရိုက်တန်အသင်းတို့ ၁ ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ အမှားအယွင်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဂျွန်ဘရွတ်ခ်ဟာ VAR ပြသတဲ့ လိုင်းတွေကို မှားယွင်းစွာရေးဆွဲခဲ့ပြီး ဘရိုက်တန်အသင်းသွင်းယူခဲ့တဲ့ ဂိုးကို လူကျွံဘောဖြစ်တယ်ဆိုပြီး ခွင့်မပြုခဲ့တာပါ။

အဲ့ဒါကြောင့် ဒိုင်အရာရှိချုပ် ဟောင်းဝါတ့်ဝက်ဘ်က အရေးပေါ်အစည်းအဝေးခေါ်ပြီး တောင်းပန်ခဲ့တာဖြစ်ပါတယ်။ဂျွန်ဘရွတ်ခ်ရဲ့နေရာမှာ မာရီနာနဲ့ ဒေးဗစ်ကုတ်တို့က တာဝန်ယူသွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ ဘရန်ဖိုဒ့်တို့ပွဲစဉ်မှာလည်း ဘရန်ဖိုဒ့်သွင်းယူခဲ့တဲ့ ချေပဂိုးဟာ လူကျွံဘောဖြစ်ပေမယ့် ခွင့်ပြုခဲ့တာပါ။

VAR ဒိုင်လူကြီး လီးမာဆင်ဟာ လူကျွံဘောဖြစ်၊မဖြစ်စစ်ဆေးတဲ့ လိုင်းကို ထည့်မသွင်းခဲ့တာကြောင့် ဘရန်ဖိုဒ့်ရဲ့ဂိုးကို ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။

VAR ဟာ ပရီးမီးယားလိဂ်မှာ စပြီးသုံးကတည်းက အမှားအယွင်းအမျိုးမျိုးတွေကြောင့် အပတ်တိုင်းလိုလိုဝေဖန်မှုတွေအများအပြားရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ