Europa League Premier League

ယူနိုက်တက်အတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာနိုင်တဲ့ ရက်ရှ်ဖိုဒ့်ရဲ့ဒဏ်ရာ

ယူနိုက်တက်အသင်းရဲ့အဓိကတိုက်စစ်မှူး ရက်ရှ်ဖိုဒ့်ဟာ အဲဗာတန်အသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ရခဲ့တဲ့ ကြွက်သားဒဏ်ရာကြောင့် ဆီဗီလာအသင်းနဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို မပါဝင်နိုင်တော့ဘူးလို့ အသင်းက ထုတ်ပြန်လိုက်ပါတယ်။

ရက်ရှ်ဖိုဒ့်ဟာ ဒီပွဲမှာ မာရှယ်သွင်းယူတဲ့ ဒုတိယဂိုးကို ဖန်တီးပေးခဲ့ပြီးနောက် မိနစ်အနည်းငယ်အကြာမှာ ဒဏ်ရာရရှိသွားခဲ့တာပါ။ရက်ရှ်ဖိုဒ့်ဟာ ဒဏ်ရာကြောင့် ထော့နဲ့ထော့နဲ့ဖြစ်နေပြီး ကုသမှုခံယူဖို့အတွက် ဥမင်ထဲကို တန်းပြီးဝင်သွားခဲ့တာပါ။

ရက်ရှ်ဖိုဒ့်ရဲ့ဒဏ်ရာဟာ အရမ်းကြီးမဆိုးရွားဘဲ ဆီဗီလာနဲ့ ယူရိုပါလိဂ်ပထမအကျော့ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ ယူနိုက်တက်ဘက်က မျှော်လင့်ထားပေမယ့် စမ်းသပ်မှုတွေပြုလုပ်အပြီးမှာ ဆီဗီလာနဲ့ ပထမအကျော့ပွဲအပြင် ပွဲအနည်းငယ်ကိုပါ လွဲချော်နိုင်တယ်လို့ အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။

အရေးကြီးတဲ့ ပွဲစဉ်တွေလာချိန်မှာ ရက်ရှ်ဖိုဒ့်ရဲ့ဒဏ်ရာသတင်းဟာ နည်းပြ အဲရစ်တန်ဟတ်အတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်လာပြီး လာမယ့်ပွဲတွေမှာ အသင်းရဲ့တိုက်စစ်ပိုင်းအတွက် မာရှယ်နဲ့ ဝက်ဂ်ဟော့စ်တို့ထဲက ၁ ဦးကို ရွေးချယ်ပြီး ပွဲထုတ်လာရတော့မှာဖြစ်ပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟာ ဒီရာသီမှာ မန်ယူနိုက်တက်အတွက် ၄၇ ပွဲပါဝင်ကစားထားပြီး ၂၈ ဂိုးသွင်းယူထားကာ အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ