International

ဆမ်ခါးတို့နဲ့ အတွေ့မှာ ရှုံးပွဲမရှိစံချိန်ရပ်တန့်သွားခဲ့တဲ့ အင်္ဂလန်အမျိုးသမီးအသင်း

ယူရိုချန်ပီယံ အင်္ဂလန်အသင်းဟာ သြစတြေးလျနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ပြီး ရှုံးပွဲမရှိစံချိန်ရပ်တန့်သွားခဲ့ပါတယ်။

ဒီပွဲမှာ သြစတြေးလျအတွက်ဂိုးတွေကို ဆမ်ခါးနဲ့ ဂရန့်တို့က သွင်းယူခဲ့တာဖြစ်ပြီး ဆမ်ခါးဟာ ဂရန့်သွင်းယူခဲ့တဲ့ ဂိုးကိုလည်းဖန်တီးပေးနိုင်ခဲ့တာပါ။အင်္ဂလန်အသင်းဟာ ဒီပွဲမတိုင်ခင် နည်းပြ ဝီဂ်မန်းလက်အောက်မှာ ပြိုင်ပွဲစုံ ၃၀ ပွဲဆက်တိုက်ရှုံးပွဲမရှိစံချိန်တင်ထားတာဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ ယူရိုပြိုင်ပွဲမှာပါ ချန်ပီယံဆုရယူပြီး အကောင်းဆုံးခြေစွမ်းတွေပြသနိုင်ခဲ့ပေမယ့် သြစတြေးလျနဲ့အတွေ့မှာ စံချိန်ကောင်းတစ်ခုရပ်တန့်ခဲ့ရတာပါ။အင်္ဂလန်အသင်းနောက်ဆုံးအရေးနိမ့်ခဲ့တဲ့ ပွဲကတော့ ၂၀၂၁ ဧပြီလက ကနေဒါနဲ့ ပွဲစဉ်ဖြစ်ပြီး ၂ နှစ်ကြာရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ မကြာသေးခင်ကလည်း Finalissima ပွဲစဉ်အဖြစ် ဘရာဇီးလ်အသင်းနဲ့ ကစားခဲ့ရာမှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့သေးတာပါ။

ဝီဂ်မန်းက “အလွန်ရုပ်ပိုင်းဆိုင်ရာကောင်းမွန်ပြီး စနစ်တကျဖွဲ့စည်းထားတဲ့ သြစတြေးလျအသင်းနဲ့ ရင်ဆိုင်ရတာဟာ ကြီးမားတဲ့ သင်ယူမှုပါပဲ။ကျမတို့ဟာ ဘောလုံးပိုင်ဆိုင်မှုတွေအများကြီးရခဲ့ပြီး ဖန်တီးမှုတွေလည်း ပြုလုပ်နိုင်ခဲ့ပေမယ့် ပွဲကို အရှိန်မြှင့်တင်နိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ကျမတို့ အမှားတစ်ချို့လုပ်ခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ

International

မက်ဆီထိုးပေးခဲ့တဲ့လက်မှတ်ကို တက်တူးပြောင်းထိုးလိုက်တဲ့ ကစားသမား

အင်တာမိုင်ယာမီ ဂိုးသမား ဖရန်ဆစ္စကိုရာနီရီက မက်ဆီ သူ့အတွက် ထိုးပေးသွားခဲ့တဲ့ လက်မှတ်ကို ပုံစံတူ တက်တူးအဖြစ် ပြောင်းလဲလိုက်ကြောင်း သိရှိရပါတယ်။ နိုင်ငံတကာရက်သတ္တပတ်မှာ အာဂျင်တီးနားဟာ အမေရိကန်နိုင်ငံက အင်တာမိုင်ယာမီရဲ့ လေ့ကျင့်ရေးကွင်းမှာ ဟွန်ဒူးရပ်စ်၊ ဂျမေကာတို့နဲ့ ပွဲတွေအတွက် လေ့ကျင့်ပြင်ဆင်ခဲ့ရပါတယ်။
International

ဂိုးသွင်းခဲ့ပေမယ့် ပြိုင်ဘက်ပရိသတ်တွေရဲ့ ထိုးနှက်မှုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဘရာဇီးကြယ်ပွင့်များ

ဘရာဇီးကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ရစ်ချာလီဆန်နဲ့ နေမာတို့ဟာ တူနီးရှားကို ၅-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပြိုင်ဘက်ပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားမှု၊ လေဆာနဲ့ ထိုးပြီး နှောင့်ယှက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဘရာဇီးဟာ ဒီတပတ်ကစားခဲ့တဲ့ ခြေစမ်းပွဲနှစ်ပွဲလုံး အနိုင်ရရှိခဲ့တာပါ။ ရစ်ချာလီဆန်ဟာ အသင်းအတွက် ဒုတိယဂိုးကို