Champion League

တစ်ပွဲကစားပြီးတိုင်း စံချိန်သစ်တွေကို ယူပြနေတဲ့ ဂိုးသွင်းစက် ဟာလန်း

မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းဟာ ဘိုင်ယန်မြူးနစ်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်မှာ ၁ ဂိုးသွင်းယူပြီးနောက် နောက်ထပ်စံချိန်သစ်တစ်ခုကို ထပ်ပြီးရယူသွားခဲ့ပါတယ်။

ဟာလန်းဟာ ဒီပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးကြောင့် တစ်ရာသီသွင်းဂိုး ၄၅ ဂိုးရှိသွားခဲ့ပြီး ပရီးမီးယားလိဂ်ကစားသမားတွေထဲမှာ တစ်ရာသီအတွင်း သွင်းဂိုးအများဆုံးကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့တာပါ။

ဟာလန်းဟာ ယူနိုက်တက်တိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းနဲ့ လီဗာပူးလ်တိုက်စစ်မှူး ဆာလတ်ရဲ့ ၄၄ ဂိုးကို ၁ ဂိုးအသာနဲ့ ကျော်ဖြတ်နိုင်ခဲ့သလို ပွဲအရေအတွက်ကလည်း သူတို့တွေထက် နည်းပါးကာ စံချိန်သစ်ကို ရယူခဲ့တာဖြစ်ပါတယ်။ဟာလန်းကတော့ မန်စီးတီးအတွက် ပထမဆုံးကစားတဲ့ ရာသီမှာတင် စံချိန်သစ်တွေတစ်ခုပြီးတစ်ခုရယူနိုင်ခဲ့တာပါ။

ဒါ့အပြင် ဟာလန်းဟာ ဒေါ့မွန်ကစားသမားဘဝမှာ ဘိုင်ယန်မြူးနစ်ကို အနိုင်မရခဲ့တာကိုလည်း မန်စီးတီးအရောက်မှာ ရပ်တန့်နိုင်ခဲ့ပြီး နိုင်ပွဲရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။လက်ရှိအချိန်မှာ ပြိုင်ပွဲအစုံဟာ ပြီးဆုံးဖို့ ၁၀ ပွဲကျော်ကျန်နေသေးတာကြောင့် ဟာလန်းရဲ့သွင်းဂိုးတွေကို ဆက်ပြီး ရေတွက်ရဖို့ရှိနေတာပါ။

ဟာလန်းဟာ မန်စီးတီးအသင်းနဲ့ သက်ဆိုင်သူတွေအားလုံးလိုချင်နေကြတဲ့ ချန်ပီယံလိဂ်ဖလားကို ဒီရာသီမှာ အရယူပေးနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Champion League

ချန်ပီယံလိဂ်မှာ ရီးရယ်လ်ကို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးစာရင်းထဲ မထည့်တဲ့အပေါ် မအံဩကြောင်း အန်ဆယ်လော့တီပြော

အန်ဆယ်လော့တီက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးလောင်းကြေးတွေထဲမှာ ရီးရယ်လ်ကို မထည့်သွင်းတဲ့ အပေါ် မအံဩကြောင်း ပြောလိုက်ပါတယ်။ ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကမှ ချန်ပီယံလိဂ်ဆုဖလားကို ပူပူနွေးနွေးရယူထားတာပါ။ဒါပေမယ့် ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးအသင်းတို့ကသာ ရေပန်းအစားဆုံးအဖြစ် ရှိနေပါတယ်။ ရီးရယ်လ်အသင်းဟာ မနက်ဖြန်မနက်ပိုင်းမှာ
Champion League

“ကိတ်မုန့်တလုံးကို ဘယ်လိုမျှဝေစားရမယ်ဆိုတာကို သိသင့်တယ်” – အမ်ဘာပေ

ပီအက်စ်ဂျီတိုက်စစ်ကစားသမား အမ်ဘာပေက နေမာနဲ့ သူ့အကြား ပင်နယ်တီဘယ်သူကန်မယ်ဆိုတာ အငြင်းပွားနေတဲ့အပေါ် ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ နေမာနဲ့ အမ်ဘာပေတို့ ပီအက်စ်ဂျီမှာ ပင်နယ်တီလုကန်ရင်း ဒီရာသီအစောပိုင်းမှာတင် နှစ်ကြိမ် ပြဿနာဖြစ်ပြီးပါပြီ။ အမ်ဘာပေကတော့ အသင်းရဲ့ ပင်နယ်တီကို ပင်တိုင်ကန်သွင်းဖို့ ဦးစားပေး သတ်မှတ်ခံထားရတာပါ။