Champion League

ချန်ပီယံလိဂ်မှာ ရီးရယ်လ်ကို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးစာရင်းထဲ မထည့်တဲ့အပေါ် မအံဩကြောင်း အန်ဆယ်လော့တီပြော

အန်ဆယ်လော့တီက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးလောင်းကြေးတွေထဲမှာ ရီးရယ်လ်ကို မထည့်သွင်းတဲ့ အပေါ် မအံဩကြောင်း ပြောလိုက်ပါတယ်။

ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကမှ ချန်ပီယံလိဂ်ဆုဖလားကို ပူပူနွေးနွေးရယူထားတာပါ။ဒါပေမယ့် ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးအသင်းတို့ကသာ ရေပန်းအစားဆုံးအဖြစ် ရှိနေပါတယ်။

ရီးရယ်လ်အသင်းဟာ မနက်ဖြန်မနက်ပိုင်းမှာ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲအဖြစ် ဆဲလ်တစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။အန်ဆယ်လော့တီက “သူတို့က ကျွန်တော်တို့ကို bookmaker တွေနောက်မှာ ထားတာကို မအံဩပါဘူး”

“ဒါကို ကောင်းတဲ့လက္ခဏာလို့ မြင်ပါတယ်။မနှစ်ကဆိုရင် သူတို့က ကျွန်တော်တို့ကို ကိန်းဂဏန်းတွေမှာ အခွင့်အရေးအနည်းငယ်ပေးပါတယ်။အခု ကျွန်တော်တို့ ပိုပြီးတိုးတက်လာပါတယ်။မနှစ်ကနဲ့ အတူတူဖြစ်မယ်ထင်တာပါပဲ”

“အဆုံးထိ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဗိုလ်လုပွဲတက်နိုင်ဖို့ မျှော်လင့်ကြောင်း”ပြောခဲ့ပါတယ်။ရီးရယ်လ်အသင်းဟာ ပြီးခဲ့ရာသီက ပီအက်စ်ဂျီ၊မန်စီးတီး၊ချယ်လ်ဆီးနဲ့ လီဗာပူးလ်တို့ကို ကျော်ဖြတ်ပြီး ဖလားရရှိခဲ့တာဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Champion League

“ကိတ်မုန့်တလုံးကို ဘယ်လိုမျှဝေစားရမယ်ဆိုတာကို သိသင့်တယ်” – အမ်ဘာပေ

ပီအက်စ်ဂျီတိုက်စစ်ကစားသမား အမ်ဘာပေက နေမာနဲ့ သူ့အကြား ပင်နယ်တီဘယ်သူကန်မယ်ဆိုတာ အငြင်းပွားနေတဲ့အပေါ် ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ နေမာနဲ့ အမ်ဘာပေတို့ ပီအက်စ်ဂျီမှာ ပင်နယ်တီလုကန်ရင်း ဒီရာသီအစောပိုင်းမှာတင် နှစ်ကြိမ် ပြဿနာဖြစ်ပြီးပါပြီ။ အမ်ဘာပေကတော့ အသင်းရဲ့ ပင်နယ်တီကို ပင်တိုင်ကန်သွင်းဖို့ ဦးစားပေး သတ်မှတ်ခံထားရတာပါ။
Champion League

ဟာဇတ်ရဲ့ပျော်ရွှင်နေတဲ့ပုံစံ ပြန်မြင်တွေ့ခဲ့ရတယ်လို့ အန်ဆယ်လော့တီပြော

ရီးရယ်လ်နည်းပြ အန်ဆယ်လော့တီကတော့ ဆဲလ်တစ်ကို အနိုင်ရတဲ့ပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဟာလန်းရဲ့စွမ်းဆောင်ရည်ကို ချီးကျူးမှုပြုလုပ်သွားခဲ့ပါတယ်။ ဟာဇတ်ဟာ ဘန်ဇီမာ ဒဏ်ရာရသွားခဲ့တာကြောင့် ဒီပွဲမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့ပေမယ့် အသင်းအတွက် ၁ ဂိုးသွင်း ၁ ဂိုးဖန်တီးကာ ခြေစွမ်းပြသနိုင်ခဲ့တာပါ။ ဒီပွဲမှာ