Champion League

ဟာဇတ်ရဲ့ပျော်ရွှင်နေတဲ့ပုံစံ ပြန်မြင်တွေ့ခဲ့ရတယ်လို့ အန်ဆယ်လော့တီပြော

ရီးရယ်လ်နည်းပြ အန်ဆယ်လော့တီကတော့ ဆဲလ်တစ်ကို အနိုင်ရတဲ့ပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဟာလန်းရဲ့စွမ်းဆောင်ရည်ကို ချီးကျူးမှုပြုလုပ်သွားခဲ့ပါတယ်။

ဟာဇတ်ဟာ ဘန်ဇီမာ ဒဏ်ရာရသွားခဲ့တာကြောင့် ဒီပွဲမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့ပေမယ့် အသင်းအတွက် ၁ ဂိုးသွင်း ၁ ဂိုးဖန်တီးကာ ခြေစွမ်းပြသနိုင်ခဲ့တာပါ။

ဒီပွဲမှာ ရီးရယ်လ်အသင်းက ‌ဆဲလ်တစ်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ဂိုးတွေကို ဗီနီစီးယက်စ်၊မိုဒရစ်နဲ့ ဟာဇတ်တို့က သွင်းယူခဲ့တာဖြစ်ပါတယ်။ဟာဇတ်အတွက်တော့ ၂၀၂၀ နောက်ပိုင်း ချန်ပီယံလိဂ်မှာ ပထမဆုံးသွင်းတဲ့ ဂိုးလည်းဖြစ်ခဲ့တာပါ။

အန်ဆယ်လော့တီက “ဒါက ဟာဇတ်ရဲ့အခိုက်အတန့်လို့ ကျွန်တော်ထင်ပြီး သူ ကျွန်တော့်ကို မှန်ကန်ကြောင်း သက်သေပြသခဲ့ပါတယ်။သူအလွန်ပျော်ရွှင်နေပါတယ်”

“သူဒီလိုပဲဆက်သွားဖို့ ကျွန်တော်မျှော်လင့်တယ်လို့ “ပွဲအပြီးမှာ သတင်းထောက်တွေကို ပြောခဲ့တာဖြစ်ပါတယ်။ဟာဇတ်ဟာ ရီးရယ်လ်အသင်းကို ၂၀၁၉ က ရောက်ရှိလာခဲ့ပေမယ့် ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရတာပါ။

ဘယ်လ်ဂျီယံကစားသမားဟာ ရီးရယ်လ်အတွက် ၆၉ ပွဲသာပါဝင်ကစားထားနိုင်ပြီး ဆဲလ်တစ်ဘက်ကို သွင်းတဲ့ဂိုးဟာ သူ့ရဲ့ပြိုင်ပွဲစုံ ၇ ဂိုးမြောက်ဖြစ်ခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Champion League

ချန်ပီယံလိဂ်မှာ ရီးရယ်လ်ကို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးစာရင်းထဲ မထည့်တဲ့အပေါ် မအံဩကြောင်း အန်ဆယ်လော့တီပြော

အန်ဆယ်လော့တီက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးလောင်းကြေးတွေထဲမှာ ရီးရယ်လ်ကို မထည့်သွင်းတဲ့ အပေါ် မအံဩကြောင်း ပြောလိုက်ပါတယ်။ ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကမှ ချန်ပီယံလိဂ်ဆုဖလားကို ပူပူနွေးနွေးရယူထားတာပါ။ဒါပေမယ့် ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးအသင်းတို့ကသာ ရေပန်းအစားဆုံးအဖြစ် ရှိနေပါတယ်။ ရီးရယ်လ်အသင်းဟာ မနက်ဖြန်မနက်ပိုင်းမှာ
Champion League

“ကိတ်မုန့်တလုံးကို ဘယ်လိုမျှဝေစားရမယ်ဆိုတာကို သိသင့်တယ်” – အမ်ဘာပေ

ပီအက်စ်ဂျီတိုက်စစ်ကစားသမား အမ်ဘာပေက နေမာနဲ့ သူ့အကြား ပင်နယ်တီဘယ်သူကန်မယ်ဆိုတာ အငြင်းပွားနေတဲ့အပေါ် ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ နေမာနဲ့ အမ်ဘာပေတို့ ပီအက်စ်ဂျီမှာ ပင်နယ်တီလုကန်ရင်း ဒီရာသီအစောပိုင်းမှာတင် နှစ်ကြိမ် ပြဿနာဖြစ်ပြီးပါပြီ။ အမ်ဘာပေကတော့ အသင်းရဲ့ ပင်နယ်တီကို ပင်တိုင်ကန်သွင်းဖို့ ဦးစားပေး သတ်မှတ်ခံထားရတာပါ။