Premier League

ရော်နယ်ဒိုက ယူနိုက်တက်ရဲ့ပွဲအများစုကို စတင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုခဲ့တဲ့ တန်ဟတ်

ရော်နယ်ဒိုက ဒီရာသီ ယူနိုက်တက်အသင်းရဲ့ပွဲအများစုကို ပွဲအစကတည်းက ပါဝင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ နည်းပြ တန်ဟတ်က ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ ယူနိုက်တက်ကနေ ထွက်ခွာချင်ခဲ့တဲ့ ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းအနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲဆက်တိုက် အရန်လူစာရင်းကနေ လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရတာပါ။

ရော်နယ်ဒိုဟာ အခုအချိန်မှာ ကြံခိုင်မှုပြည့်ဝနေပြီဖြစ်တာကြောင့် ယူနိုက်တက်အသင်းအတွက် ပုံမှန်ပွဲထွက်ခွင့်ရဖို့ အဆင်သင့်ဖြစ်နေပြီလို့ နည်းပြ တန်ဟတ်က ယုံကြည်နေတာဖြစ်ပါတယ်။

အဲရစ်တန်ဟတ်က “ရော်နယ်ဒိုဟာ ဘရန်ဖိုဒ့်နဲ့ ပွဲမှာ ပွဲစကတည်းက ပါဝင်ခွင့်ရခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာ မပါရတော့ပါဘူး။ဒါပေမယ့် အခု သူစတင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ”

“ဟုတ်ပါတယ်။သူဟာ အခု ပွဲစဉ်အများစုကို ပွဲစကတည်းက ပါဝင်နိုင်တော့မှာပါ”လို့ ဆိုခဲ့ပါတယ်။ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ ယူနိုက်တက်အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ဆိုစီဒက်နဲ့ ကစားဖို့ လေ့ကျင့်နေတာပါ။

ရော်နယ်ဒိုဟာ နှစ်ပေါင်း ၂၀ နီးပါးအတွင်း ပထမဆုံးအဖြစ် ယူရိုပါလိဂ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ