Champion League

မင်းတို့ အားလပ်ရက်ယူဖို့ စိတ်မကူးနဲ့လို့ ကစားသမားတွေကို တူဟယ်လ်ပေါက်ကွဲ

ချဲလ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်က ဒိုင်နမိုဇာဂရက်ကို ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး ကစားသမားတွေအပေါ် ပေါက်ကွဲခဲ့ပြီး အားလပ်ရက်ရရှိမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒီပွဲမှာ ဒိုင်နမိုဇာဂရက်က အော်ဆစ်ရဲ့တလုံးတည်းသောသွင်းဂိုးနဲ့ ချဲလ်ဆီးကို အနိုင်ရရှိခဲ့တာပါ။

ဒါဟာ ချဲလ်ဆီးအတွက် ဒီရာသီ ပြိုင်ပွဲစုံမှာ (၃) ပွဲ မြောက် အဝေးကွင်းရှုံးပွဲလည်းဖြစ်ခဲ့ပါတယ်။ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် အဝေးကွင်းပွဲတွေအဖြစ် လိဒ်စ်ကို သုံးဂိုးပြတ်၊ ဆောက်သမ်တန်ကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ဒါ့အပြင် ဒီရာသီ ပြိုင်ပွဲစုံ အဝေးကွင်း (၄) ပွဲ ကစားပြီးချိန်မှာ ရာသီအဖွင့် အဲဗာတန်နဲ့ တပွဲတည်း အနိုင်ရရှိခဲ့ပါတယ်။ ကျန်တဲ့ပွဲစဥ် (၃) ပွဲလုံးမှာတော့ ရှုံးနိမ့်ခဲ့ပါတယ်။

ဒိုင်နမိုနဲ့ပွဲအပြီးမှာတော့ ချဲလ်ဆီးနည်းပြ တူဟယ်လ်က “တူညီတဲ့ပုံပြင်တခုကို အမြဲတမ်း ကြားနေရသလိုပါပဲ။ ဝက်စ်ဟမ်းနဲ့ နောက်ဆုံးပွဲကြောင့် ဒီပွဲမှာလည်း အကူအညီဖြစ်မယ်လို့ ကျနော်ထင်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ ကျနော်တို့က ခက်ခဲတဲ့ အခိုက်အတန့်မှာ မှန်ကန်တဲ့ တုံ့ပြန်မှုကို ပြသခဲ့ပါတယ်”

“အဲ့ဒီပွဲအပြီးမှာလည်း ကောင်းမွန်တဲ့ ပြင်ဆင်မှုတွေရှိခဲ့ပြီး အသင်းက အဆင်သင့်ဖြစ်နေပြီလို့ ကျနော်ထင်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော်ထင်သလို မဖြစ်လာခဲ့ပါဘူး။ အဲ့ဒါကြောင့်လည်း ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်ရပါတယ်”

“အားလပ်ရက်မရှိတော့ပါဘူး။ ပြင်ဆင်မှုတွေအတွက် နားချိန်ရတော့မှာမဟုတ်ဘဲ လက်ရှိအခိုက်အတန့်အတွက်လည်း နားရက်ရမှာ မဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ ချဲလ်ဆီးဟာ လာမယ့်အပတ်မှာ ဖူလ်ဟမ်ကို အဝေးကွင်း၊ ဆဲလ်ဘာ့ဂ်ကို ချန်ပီယံလိဂ်အိမ်ကွင်းပွဲအဖြစ် ဆက်တိုက်ရင်ဆိုင်ရတော့မှာပါ။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Champion League

ချန်ပီယံလိဂ်မှာ ရီးရယ်လ်ကို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးစာရင်းထဲ မထည့်တဲ့အပေါ် မအံဩကြောင်း အန်ဆယ်လော့တီပြော

အန်ဆယ်လော့တီက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးလောင်းကြေးတွေထဲမှာ ရီးရယ်လ်ကို မထည့်သွင်းတဲ့ အပေါ် မအံဩကြောင်း ပြောလိုက်ပါတယ်။ ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကမှ ချန်ပီယံလိဂ်ဆုဖလားကို ပူပူနွေးနွေးရယူထားတာပါ။ဒါပေမယ့် ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးအသင်းတို့ကသာ ရေပန်းအစားဆုံးအဖြစ် ရှိနေပါတယ်။ ရီးရယ်လ်အသင်းဟာ မနက်ဖြန်မနက်ပိုင်းမှာ
Champion League

“ကိတ်မုန့်တလုံးကို ဘယ်လိုမျှဝေစားရမယ်ဆိုတာကို သိသင့်တယ်” – အမ်ဘာပေ

ပီအက်စ်ဂျီတိုက်စစ်ကစားသမား အမ်ဘာပေက နေမာနဲ့ သူ့အကြား ပင်နယ်တီဘယ်သူကန်မယ်ဆိုတာ အငြင်းပွားနေတဲ့အပေါ် ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ နေမာနဲ့ အမ်ဘာပေတို့ ပီအက်စ်ဂျီမှာ ပင်နယ်တီလုကန်ရင်း ဒီရာသီအစောပိုင်းမှာတင် နှစ်ကြိမ် ပြဿနာဖြစ်ပြီးပါပြီ။ အမ်ဘာပေကတော့ အသင်းရဲ့ ပင်နယ်တီကို ပင်တိုင်ကန်သွင်းဖို့ ဦးစားပေး သတ်မှတ်ခံထားရတာပါ။