activeslots777.org Premier League

အဲဗာတန်ကို ရှုံးကြွေးအတိုးနဲ့အရင်းပြန်ဆပ်ပြီး အမှတ်ပေးဇယားကို ၅ မှတ်ဖြတ်ခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဒီမနက်ပိုင်းကကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အဲဗာတန်အသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့လက တွေ့ဆုံခဲ့တဲ့ပွဲမှာ အဲဗာတန်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာကို ရှုံးကြွေးပြန်ဆပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းအတွက်ဂိုးတွေကို မာတင်နယ်လီက ၂ ဂိုးသွင်းပြီး ဆာကာနဲ့ အိုဒီဂတ်က ၁ ဂိုးစီသွင်းယူခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ဒုတိယနေရာက မန်စီးတီးအသင်းကို ပွဲအရေအတွက်တူသွားပြီးအချိန်မှာ ရမှတ် ၅ မှတ်အထိအသာရကာ အမှတ်ပေးဇယားကို ပြတ်ပြတ်သားသား ဦးဆောင်နိုင်လိုက်ပြီဖြစ်ပါတယ်။အဲဗာတန်အသင်းကတော့ ဒီရှုံးပွဲကြောင့် တန်းဆင်းဇုန်အဆင့် ၁၈ နေရာကို ရောက်ရှိသွားခဲ့တာပါ။

အဲဗာတန်အသင်းဟာ ရှောင်ဒိုက်လက်ထက် ၅ ပွဲမှာ ၂ ပွဲနိုင် ၃ ပွဲရှုံးနိမ့်တဲ့ရလဒ်ထွက်ပေါ်ထားကာ အဝေးကွင်းမှာ ရလဒ်ဆိုးနေတာကို ဆက်ပြီးထိန်းနိုင်ခဲ့တာဖြစ်ပါတယ်။

Hi

အာဆင်နယ်အသင်းဟာ အခုလာမယ့်အပတ်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘုန်းမောက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဲဗာတန်ကတော့ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ