Premier League

ယူနိုက်တက်က ရှုံးရတာကို မုန်းတီးနေတာလို့ ဝက်စ်ဟမ်းကိုအနိုင်ရပြီးနောက် အဲရစ်တန်ဟတ်ပြော

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်က ဝက်စ်ဟမ်းအသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့အနိုင်ရပြီး အက်ဖ်အေဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်တက်နိုင်ခဲ့ပြီးနောက် အသင်းဟာ ရှုံးနိမ့်တာကို မုန်းတီးနေတာလို့ပြောလိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ ဝက်စ်ဟမ်းအသင်းကို ဦးဆောင်ဂိုးပေးခဲ့ရပေမယ့် အနောက်ကနေ လိုက်ကစားပြီး ဝက်စ်ဟမ်းနောက်ခံလူရဲ့ကိုယ်ဂိုးကိုယ်သွင်းယူခဲ့တာကြောင့် သရေကျခဲ့ပါတယ်။ဒါပေမယ့် ပွဲပြီးကာနီးမှာ ဂါနာချိုနဲ့ ဖရက်ဒ်တို့က အနိုင်ဂိုးသွင်းပေးခဲ့လို့ ယူနိုက်တက်အသင်းအနိုင်ရခဲ့ပါတယ်။

အဲရစ်တန်ဟတ်က “နောက်တစ်ကြိမ်ပြောရမယ်ဆိုရင် ဒီအသင်းက ရှုံးရတာကို မုန်းတီးနေတာပါ။ကျွန်တော်တို့ ဘာစီလိုနာနဲ့ပွဲမှာ ဒီလိုမျိုးလုပ်ဆောင်ခဲ့သလို အခုလည်း လုပ်ဆောင်နိုင်ခဲတာဖြစ်ပါတယ်။ဒီအသင်းဟာ ရုံးရတာကို မုန်းတီးပြီးပြန်တိုက်ပွဲဝင်တယ်”လို့ဆိုခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ မကြာသေးခင်က ကာရာဘောင်းဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ပြီးနောက် လက်ရှိအချိန်မှာ နောက်ထပ်ပြိုင်ပွဲ ၃ ခုမှာလည်း ချန်ပီယံဖြစ်နိုင်တဲ့လမ်းကြောင်းပေါ်မှာ ရှိနေတာပါ။ယူနိုက်တက်အသင်းဟာ အက်ဖ်အေဖလားကွာတားဖိုင်နယ်မှာ ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ်မှာတော့ ပရီးမီးယားလိဂ်ပွဲကြီးပွဲကောင်းအဖြစ် လီဗာပူးလ်အသင်းနဲ့ အဝေးကွင်းပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ