Laliga

မဟာပြိုင်ဘက်ကြီး ဘာစီလိုနာကို အဖိုးတန်ဂိုးသွင်းပေးခဲ့တဲ့ ရာမို့စ်

ဒီမနက်ပိုင်းက ကစားခဲ့တဲ့ ဘာစီလိုနာအသင်းက ဆီဗီလာအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်မှာ ရာမို့စ်ဟာ ဆီဗီလာအတွက် ကိုယ့်ဂိုးကိုယ်သွင်းယူပြီး ဘာစီလိုနာအသင်းကို အနိုင် ၃ မှတ်ပေးခဲ့ရပါတယ်။

ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့ပြီးနောက် ဆီဗီလာအသင်းထံ ပြန်ရောက်လာခဲ့တဲ့ ရာမို့စ်ဟာ ဘာစီလိုနာအသင်းနဲ့ စံချိန်တင်လာလီဂါပွဲစဉ်ပေါင်း ၃၄ ပွဲအဖြစ် ဒီပွဲမှာ ပါဝင်ကစားသွားခဲ့တာပါ။ရာမို့စ်ဟာ ဒီပွဲမှာ အကောင်းဆုံးကစားနေခဲ့ပေမယ့် ယာမဲလ်ရဲ့ခေါင်းတိုက်ချက်ကို ဖျက်ထုတ်ရင်းနဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမိသွားခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီပွဲမှာ အနိုင်ရဖို့ ထိုက်တန်ခဲ့တာဖြစ်ပြီး ဂျာအိုဖိလစ်ရဲ့ပထမပိုင်းကန်ချက်ဟာ ဂိုးဘားတန်းထိပြီး ပြန်ထွက်လာခဲ့တာကြောင့် နစ်နာခဲ့ရတာပါ။ဒီပွဲမှာ ဆီဗီလာရဲ့ကိုယ်စားလှယ်တွေဟာ ဘာစီလိုနာအသင်းရဲ့VIP ဧရိယာမှာ တစ်ဦးမှမရှိခဲ့ဘဲ ဘာစီလိုနာရဲ့အဂတိလိုက်စားမှုလုပ်ရပ်ကို ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ အနိုင်ရခဲ့တဲ့ ဘာစီလိုနာအသင်းဟာ လာလီဂါပြိုင်ပွဲရဲ့အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်တက်လှမ်းနိုင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Laliga

ဂရစ်ဇ်မန်းကိစ္စ မလှိမ့်တပတ်လုပ်ခံရလို့ တီကိုအပေါ် တရားစွဲမယ့် ဘာစီလိုနာ

ဘာစီလိုနာဟာ အက်သလက်တီကိုတို့ ဂရစ်ဇ်မန်းကို ယူရိုသန်း (၄၀) နဲ့ အပြီးသတ်ခေါ်ယူမယ့်ကိစ္စကို မဖြစ်မနေ အသက်သွင်းသွားမှာဖြစ်ပြီး ဒီလိုမှမရရင် တရားဥပဒေနဲ့ ရင်ဆိုင်ဖို့ အသင့်ရှိနေတယ်လို့ သိရှိရပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကနေ (၂) ရာသီအငှားစာချုပ်နဲ့ ရောက်ရှိနေတာဖြစ်ပြီး ဒီနွေရာသီမှာ
Laliga Transfer

ဂရစ်ဇ်မန်းကိစ္စတိုင်ပတ်နေတာ ကျနော့်အပူမပါဘူးလုပ်နေတဲ့ ဘာကာနည်းပြဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက အက်သလက်တီကိုထံ အငှားချထားတဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာပါတယ်။ အဆိုပါ ပြင်သစ် ကစားသမားဟာ အက်သလက်တီကိုမှာ (၂) ရာသီအငှား စာချုပ်နဲ့ သွားကစားနေတာပါ။ လာမယ့်နွေရာသီမှာ သူ့ရဲ့အငှားစာချုပ်က ကုန်ဆုံးမှာဖြစ်ပြီး နှစ်သင်းကြား