Laliga

ဂီတာဖေးအတွက် ပွဲဦးထွက်ခဲ့တဲ့ ဂရင်းဝုဒ်ကို အာမတ်ဒီယာလိုဆိုရှယ်မီဒီယာကနေ အားပေး

ယူနိုက်တက်အသင်းကစားသမား အာမတ်ဒီယာလိုဟာ အိုဆာဆူနာအသင်းကို အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဂီတာဖေးအသင်းအတွက် ပွဲဦးထွက်အဖြစ် ပါဝင်ခဲ့တဲ့ အသင်းဖော်ဟောင်း ဂရင်းဝုဒ်ကို ဆိုရှယ်မီဒီယာကနေ အားပေးသွားခဲ့ပါတယ်။

ပွဲမကစားရတာ ၁ နှစ်ကျော်ကြာသွားပြီဖြစ်တဲ့ ဂရင်းဝုဒ်ဟာ ဂီတာဖေးအသင်းအတွက် ပွဲချိန် ၇၇ မိနစ်မှာ လူစားဝင်ကစားခဲ့ပြီး စပိန်ဘောလုံးလောကရဲ့ပထမဆုံးမိနစ်ကို စတင်ရရှိသွားခဲ့ပါတယ်။ ဂရင်းဝုဒ်ဟာ အိုဆာဆူနာအသင်းပရိသတ်တွေရဲ့ပွဲကြည့်စင်ပေါ်ကနေ ဆိုးရွားစွာပြုလုပ်ခြင်းကို ခံခဲ့ရတာပါ။

ဒါပေမယ့် အာမတ်ဒီယာလိုကတော့ အသင်းဖော်ဟောင်းရဲ့ပွဲဦးထွက်ကို အားပေးမှုပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။အာမတ်ဒီယာလိုဟာ ဂရင်းဝုဒ် လူစားလဲဝင်ရောက်မယ့်ပုံနဲ့အတူ အီမိုဂျီကို ထည့်သွင်းပြီး သူ့ရဲ့ဆိုရှယ်မီဒီယာမှာ တင်သွင်းခဲ့တာပါ။

ဂီတာဖေးအသင်းနည်းပြကတော့ အိုဆာဆူနာအသင်းနဲ့ပွဲစဉ်က ဂရင်းဝုဒ်ရဲ့စွမ်းဆောင်ရည်ကို သဘောကျတယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။ဂရင်းဝုဒ်နဲ့ ဂီတာဖေးအသင်းတို့ချုပ်ဆိုထားတဲ့စာချုပ်ဟာ အခုနှစ်ဘောလုံးရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

လာလီဂါအမှတ်ပေးဇယားအဆင့် ၉ နေရာမှာရပ်တည်နေတဲ့ ဂီတာဖေးအသင်းဟာ လာမယ့်အပတ်မှာ ဆိုစီဒက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Laliga

ဂရစ်ဇ်မန်းကိစ္စ မလှိမ့်တပတ်လုပ်ခံရလို့ တီကိုအပေါ် တရားစွဲမယ့် ဘာစီလိုနာ

ဘာစီလိုနာဟာ အက်သလက်တီကိုတို့ ဂရစ်ဇ်မန်းကို ယူရိုသန်း (၄၀) နဲ့ အပြီးသတ်ခေါ်ယူမယ့်ကိစ္စကို မဖြစ်မနေ အသက်သွင်းသွားမှာဖြစ်ပြီး ဒီလိုမှမရရင် တရားဥပဒေနဲ့ ရင်ဆိုင်ဖို့ အသင့်ရှိနေတယ်လို့ သိရှိရပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကနေ (၂) ရာသီအငှားစာချုပ်နဲ့ ရောက်ရှိနေတာဖြစ်ပြီး ဒီနွေရာသီမှာ
Laliga Transfer

ဂရစ်ဇ်မန်းကိစ္စတိုင်ပတ်နေတာ ကျနော့်အပူမပါဘူးလုပ်နေတဲ့ ဘာကာနည်းပြဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက အက်သလက်တီကိုထံ အငှားချထားတဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာပါတယ်။ အဆိုပါ ပြင်သစ် ကစားသမားဟာ အက်သလက်တီကိုမှာ (၂) ရာသီအငှား စာချုပ်နဲ့ သွားကစားနေတာပါ။ လာမယ့်နွေရာသီမှာ သူ့ရဲ့အငှားစာချုပ်က ကုန်ဆုံးမှာဖြစ်ပြီး နှစ်သင်းကြား