Champion League

နယူးကာဆယ်နဲ့ ချန်ပီယံလိဂ်ပွဲမတိုင်ခင် အေစီမီလန်လေ့ကျင့်ရေးကွင်းမှာ မြင်တွေ့ခဲ့ရတဲ့ ဇလာတန်

ကစားသမားဘဝက အနားယူသွားခဲ့ပြီဖြစ်တဲ့ ဇလာတန်အီဘရာဟိမိုဗစ်ဟာ နယူးကာဆယ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကစားမယ့် ပွဲမတိုင်ခင် အေစီမီလန်အသင်းရဲ့လေ့ကျင့်ရေးကွင်းမှာ ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။

အေစီမီလန်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ မြို့ခံပြိုင်ဘက် အင်တာမီလန်အသင်းကို ၅ ဂိုး- ၁ ဂိုးနဲ့ အရှက်တကွဲရှုံးနိမ်ခဲ့တာပါ။အေစီမီလန်အသင်းဟာ နယူးကာဆယ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ ဒီအရှုံးရလဒ်ကို ပြန်ပြီးတုံ့ပြန်နိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

ဒီပွဲမတိုင်ခင်ပြုလုပ်တဲ့ အေစီမီလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ တိုက်စစ်မှူးဟောင်း အီဘရာဟီမိုဗစ်ကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး ဝါရင့်ကစားသမားဟောင်းဟာ နည်းပြ ပိုင်အိုလီ၊ လက်ထောက်နည်းပြတို့နဲ့ စကားပြောဆိုမှုတွေပြုလုပ်နေတာပါ။အီဘရာဟီမိုဗစ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဆန်စီရိုမှာ ကစားခဲ့တဲ့ ရာသီနောက်ဆုံးပွဲစဉ်မှာ ကစားသမားဘဝက အနားယူပြီလို့ ကြေညာခဲ့တာဖြစ်ပါတယ်။

အေစီမီလန်အသင်းဟာ ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာတော့ အကောင်းဆုံးရလဒ် ရယူနိုင်ဖို့ မျှော်လင့်ပြီး လေ့ကျင့်ရေးကွင်းမှာပြင်ဆင်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Champion League

ချန်ပီယံလိဂ်မှာ ရီးရယ်လ်ကို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးစာရင်းထဲ မထည့်တဲ့အပေါ် မအံဩကြောင်း အန်ဆယ်လော့တီပြော

အန်ဆယ်လော့တီက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးလောင်းကြေးတွေထဲမှာ ရီးရယ်လ်ကို မထည့်သွင်းတဲ့ အပေါ် မအံဩကြောင်း ပြောလိုက်ပါတယ်။ ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကမှ ချန်ပီယံလိဂ်ဆုဖလားကို ပူပူနွေးနွေးရယူထားတာပါ။ဒါပေမယ့် ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးအသင်းတို့ကသာ ရေပန်းအစားဆုံးအဖြစ် ရှိနေပါတယ်။ ရီးရယ်လ်အသင်းဟာ မနက်ဖြန်မနက်ပိုင်းမှာ
Champion League

“ကိတ်မုန့်တလုံးကို ဘယ်လိုမျှဝေစားရမယ်ဆိုတာကို သိသင့်တယ်” – အမ်ဘာပေ

ပီအက်စ်ဂျီတိုက်စစ်ကစားသမား အမ်ဘာပေက နေမာနဲ့ သူ့အကြား ပင်နယ်တီဘယ်သူကန်မယ်ဆိုတာ အငြင်းပွားနေတဲ့အပေါ် ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ နေမာနဲ့ အမ်ဘာပေတို့ ပီအက်စ်ဂျီမှာ ပင်နယ်တီလုကန်ရင်း ဒီရာသီအစောပိုင်းမှာတင် နှစ်ကြိမ် ပြဿနာဖြစ်ပြီးပါပြီ။ အမ်ဘာပေကတော့ အသင်းရဲ့ ပင်နယ်တီကို ပင်တိုင်ကန်သွင်းဖို့ ဦးစားပေး သတ်မှတ်ခံထားရတာပါ။