ရီးရယ်လ်အသင်းဟာ ဒီမနက်ပိုင်းက ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဆိုစီဒက်အသင်းကို အနောက်ကနေ လိုက်ကစားပြီး ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိကာ လာလီဂါမှာ ရာနှုန်းပြည့်နိုင်ပွဲကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

ဒီပွဲမှာ ဆိုစီဒက်အသင်းဟာ ပွဲချိန် ၅ မိနစ်မှာထဲက ဦးဆောင်ဂိုးသွင်းယူခဲ့တာဖြစ်ပြီး ရီးရယ်လ်အသင်းအတွက် ဗယ်လ်ဗာဒီနဲ့ ဟိုဆေးလူတို့က ချေပဂိုးနဲ့ အနိုင်ဂိုးတွေသွင်းယူပေးခဲ့တာပါ။အဲ့ဒါကြောင့် ရီးရယ်လ်အသင်းဟာ လာလီဂါပွဲစဉ် ၅ ပွဲကစားအပြီးမှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၄ ပွဲမှာ ရီးရယ်လ်အသင်းအတွက်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဘယ်လင်ဂမ်ဟာ ဒီပွဲမှာ ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ဂိုးသွင်းမှတ်တမ်းရပ်တန့်သွားခဲ့ရတာပါ။အင်္ဂလန်ကစားသမားဟာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ရီးရယ်လ်အသင်းနိုင်ပွဲရယူနိုင်ခဲ့ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာဖြစ်ပါတယ်။

ရီးရယ်လ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ဒုတိယနေရာက ဘာစီလိုနာအသင်းကို ၂ မှတ်အသာနဲ့ လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်နေတာပါ။ရီးရယ်လ်အသင်းဟာ လာမယ့်ပွဲစဉ်အဖြစ် ယူနီယံဘာလင်အသင်းနဲ့ ချန်ပီယံလိဂ်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဆိုစီဒက်အသင်းကတော့ အင်တာမီလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။