Laliga

ရီးရယ်လ်အတွက် လာလီဂါပွဲဦးထွက်မှာ ခြေစွမ်းပြပြီး ဂိုးပါသွင်းယူနိုင်ခဲ့တဲ့ ဘယ်လင်ဂမ်

အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဂမ်ဟာ ရီးရယ်လ်အသင်းက ဘီလ်ဘာအိုအသင်းကို အနိုင်ရရှိခဲ့တဲ့ လာလီဂါပွဲဦးထွက်မှာ ခြေစွမ်းပြပြီး သွင်းဂိုးပါ သွင်းယူနိုင်ခဲ့ပါတယ်။

ဘယ်လင်ဂမ်ဟာ အခုနွေရာသီအပြောင်းအရွှေ့ကာမှ ဒေါ့မွန်အသင်းကနေ ပေါင် ၈၈.၅ သန်းနဲ့ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့လာခဲ့တာပါ။ဘယ်လင်ဂမ်ဟာ ဘီလ်ဘာအိုအသင်းနဲ့ပွဲမှာ ရီးရယ်လ်အသင်းရရှိတဲ့ ဒုတိယဂိုးကို Volley ကန်ချက်နဲ့ ကန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဘယ်လင်ဂမ်ဟာ ၂၀၀၇ က ဒေးဗစ်ဘက်ခမ်းနောက်ပိုင်း ရီးရယ်လ်အသင်းအတွက် ပြိုင်ပွဲမှာ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးအင်္ဂလန်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ဘယ်လင်ဂမ်ဟာ ပြီးခဲ့တဲ့ ရီးရယ်လ်အသင်းရဲ့ရာသီကြိုခြေစမ်းပွဲတွေမှာလည်း ခြေစွမ်းပြသနိုင်ခဲ့ပြီး ယူနိုက်တက်ကို အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာလည်း ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

အန်ဆယ်လော့တီက “ဘယ်လင်ဂမ်က ထူးချွန်တဲ့ကောင်လေးပါ။သူက အရည်အသွေးတွေကို ပြသနိုင်သလို၊ကိုယ်ရည်ကိုယ်သွေးနဲ့ အလုပ်ကိုကြိုးစားတဲ့သူပါ။သူက အလွန်တော်ပါတယ်။သူကအလွန်စိတ်အားထက်သန်သူဖြစ်ပြီး အလွန်အရေးပါတဲ့ခေါ်ယူမှုပါ”လို့ ဆိုခဲ့ပါတယ်။

ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက လာလီဂါဖလားကို ဘာစီလိုနာအသင်းထံ ပေးခဲ့ရတာကြောင့် ဒီရာသီမှာ ရယူနိုင်ဖို့ စိတ်ပိုင်းဖြတ်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Laliga

ဂရစ်ဇ်မန်းကိစ္စ မလှိမ့်တပတ်လုပ်ခံရလို့ တီကိုအပေါ် တရားစွဲမယ့် ဘာစီလိုနာ

ဘာစီလိုနာဟာ အက်သလက်တီကိုတို့ ဂရစ်ဇ်မန်းကို ယူရိုသန်း (၄၀) နဲ့ အပြီးသတ်ခေါ်ယူမယ့်ကိစ္စကို မဖြစ်မနေ အသက်သွင်းသွားမှာဖြစ်ပြီး ဒီလိုမှမရရင် တရားဥပဒေနဲ့ ရင်ဆိုင်ဖို့ အသင့်ရှိနေတယ်လို့ သိရှိရပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကနေ (၂) ရာသီအငှားစာချုပ်နဲ့ ရောက်ရှိနေတာဖြစ်ပြီး ဒီနွေရာသီမှာ
Laliga Transfer

ဂရစ်ဇ်မန်းကိစ္စတိုင်ပတ်နေတာ ကျနော့်အပူမပါဘူးလုပ်နေတဲ့ ဘာကာနည်းပြဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက အက်သလက်တီကိုထံ အငှားချထားတဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာပါတယ်။ အဆိုပါ ပြင်သစ် ကစားသမားဟာ အက်သလက်တီကိုမှာ (၂) ရာသီအငှား စာချုပ်နဲ့ သွားကစားနေတာပါ။ လာမယ့်နွေရာသီမှာ သူ့ရဲ့အငှားစာချုပ်က ကုန်ဆုံးမှာဖြစ်ပြီး နှစ်သင်းကြား