Bundesliga

ဘိုင်ယန်မြူးနစ်အတွက် ပွဲဦးထွက်ခဲ့ပေမယ့် ဆုဖလားနဲ့ ဝေးကွာနေဆဲဖြစ်တဲ့ ဟာရီကိန်း

စပါးအသင်းကနေ ယူရိုသန်း ၁၀၀ ကျော်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းက လိုက်ပ်ဇစ်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ဂျာမန်စူပါဖလားပွဲစဉ်မှာ ဂျာမနီကလပ်အတွက် ပွဲဦးထွက်အဖြစ် ပါဝင်ခဲ့ပါတယ်။

ဟာရီကိန်းဟာ ဒီပွဲစဉ်ရဲ့ပွဲချိန် ၆၄ မိနစ်မှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး ပရိသတ်တွေရဲ့ကြိုဆိုမှုကို ခံခဲ့ရပါတယ်။ဒါပေမယ့် အင်္ဂလန်အသင်းခေါင်းဆောင်ဟာ ဒီပွဲမှာ ဘောလုံးထိချက် ၃ ကြိမ်နဲ့ သက်ရောက်မှုအနည်းငယ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။

လိုက်ပ်ဇစ်အသင်းရဲ့စပိန်လက်ရွေးစင် အိုလ်မိုက အသင်းအတွက် ဟတ်ထရစ်ဂိုးသွင်းယူခဲ့ပြီး ဟာရီကိန်းပထမဆုံးဆုဖလားမရယူနိုင်အောင် တားဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ဟာရီကိန်းဟာ အပြောင်းအရွှေ့ပြီးတာနဲ့ အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ပါဝင်ပြီး လူစားဝင်ကစားခဲ့တာကြောင့် ခြေစွမ်းပြသနိုင်ဖို့ ခက်ခဲနေတာပါ။

Leipzig’s players celebrate with the trophy winning the German Super Cup football match Bayern Munich v RB Leipzig in Munich, on August 12, 2023. (Photo by CHRISTOF STACHE / AFP) / DFB REGULATIONS PROHIBIT ANY USE OF PHOTOGRAPHS AS IMAGE SEQUENCES AND QUASI-VIDEO. – DFB REGULATIONS PROHIBIT ANY USE OF PHOTOGRAPHS AS IMAGE SEQUENCES AND QUASI-VIDEO.

ဒါပေမယ့် လာမယ့်လေ့ကျင့်ခန်းအစီအစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ အပြည့်အဝပူးပေါင်းပြီးရင်တော့ ဟာရီကိန်းရဲ့အကောင်းဆုံးပုံစံတွေကို မြင်တွေ့ရမှာဖြစ်ပြီး သွင်းဂိုးတွေကလည်း မကြာခင်ရောက်လာမယ်လို့ သုံးသပ်နေကြပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ သြဂုတ် ၁၈ ရက်မှာ ဘွန်ဒစ်လီဂါအဖွင့်ပွဲစဉ်အဖြစ် ဝါဒါဘရီမင်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲမှာ ဟာရီကိန်းဟာ ပွဲအစကတည်းက ပါဝင်နိုင်ဖွယ်ရှိနေပါတယ်။

ဆက်စပ်သတင်းများ

Bundesliga Premier League

ကွန်တီကို နှစ်ပေါက်တပေါက်ရိုက်ဖို့ လုပ်နေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ လာမယ့်နွေရာသီမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် တဖက်လှည့်အနေအထားမျိုးနဲ့ ကြိုးစားနေကြောင်း သိရှိရပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ လာမယ့်နွေရာသီမှာ စပါးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိလာမှာပါ။ ဟယ်ရီကိန်းနဲ့ စပါးစာချုပ်သက်တမ်းက (၂၀၂၄) မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
Bundesliga

ကမ္ဘာ့ဖလားပြိုင်ပွဲနီးလာကမှ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခဲ့ရတဲ့ မာကိုရူးစ်

ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရူးစ်ဟာ ရှော်လ်ကေးနဲ့ ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ထမ်းစင်နဲ့ ကွင်းထဲကနေ သယ်ထုတ်သွားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ မာကိုရူးစ်ဟာ ရှော်လ်ကေးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာကြောင့် စိတ်ပျက်ပြီး ငိုကြွေးနေတာကိုပါ