Laliga

ဂရင်းဝုဒ်ရဲ့ဂီတာဖေးလေ့ကျင့်ခန်းအစီစဉ်ကို ပရိသတ်တွေကြိုဆို

ယူနိုက်တက်အသင်းကနေ အပြောင်းအရွှေ့နောက်ဆုံးနေ့က ရောက်ရှိလာခဲ့တဲ့ တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ အသင်းသစ် ဂီတာဖေးအသင်းနဲ့ လေ့ကျင့်မှုတွေစတင်ခဲ့ပြီဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ အသင်းဖော်တွေနဲ့အတူ ပရိသတ်တွေရဲ့ရှေ့မှာ လေ့ကျင့်မှုတွေပြုလုပ်ခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့ကြိုဆိုမှုကို ခံခဲ့ရတာပါ။့ဂီတာဖေးအသင်းကို အငှားနဲ့ ရောက်ရှိလာခဲ့တဲ့ ဂရင်းဝုဒ်ဟာ လေ့ကျင့်မှုတွေပြုလုပ်ဖို့ ကွင်းထဲဝင်ရောက်လာချိန်မှာ ပရိသတ်တွေက ငါတို့ မင်းကိုချစ်တယ်ဆိုပြီး အော်ဟစ်ခဲ့ကြတာဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ လေ့ကျင့်ခန်းအစီအစဉ်မှာလည်း ကောင်းမွန်စွာလုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့အားပေးမှုတွေကို ရရှိခဲ့ပါတယ်။ပရိသတ်တွေဟာ ဂရင်းဝုဒ်ကျောနံပတ်နဲ့ နာမည်ပါ ဂျာစီတွေကို ဝတ်ဆင်လာခဲ့ကြသလို ပရိသတ်အချို့က ဂရင်းဝုဒ်ဆီကနေ ဂျာစီတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ အသင်းဖော်တွေနဲ့ လေ့ကျင့်မှုမပြုလုပ်တာ ကြာပြီဖြစ်ပေမယ့် သူ့ရဲ့အရည်အသွေးတွေကြောင့် လာမယ့်နိုင်ငံတကာပွဲစဉ်အပြီးမှာ ကစားမယ့် စပိန်လာလီဂါပွဲစဉ်မှာ ဂီတာဖေးအသင်းအတွက် ပွဲဦးထွက်အဖြစ် ပါဝင်ခွင့်ရဖွယ်ရှိနေပါတယ်။

ဆက်စပ်သတင်းများ

Laliga

ဂရစ်ဇ်မန်းကိစ္စ မလှိမ့်တပတ်လုပ်ခံရလို့ တီကိုအပေါ် တရားစွဲမယ့် ဘာစီလိုနာ

ဘာစီလိုနာဟာ အက်သလက်တီကိုတို့ ဂရစ်ဇ်မန်းကို ယူရိုသန်း (၄၀) နဲ့ အပြီးသတ်ခေါ်ယူမယ့်ကိစ္စကို မဖြစ်မနေ အသက်သွင်းသွားမှာဖြစ်ပြီး ဒီလိုမှမရရင် တရားဥပဒေနဲ့ ရင်ဆိုင်ဖို့ အသင့်ရှိနေတယ်လို့ သိရှိရပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကနေ (၂) ရာသီအငှားစာချုပ်နဲ့ ရောက်ရှိနေတာဖြစ်ပြီး ဒီနွေရာသီမှာ
Laliga Transfer

ဂရစ်ဇ်မန်းကိစ္စတိုင်ပတ်နေတာ ကျနော့်အပူမပါဘူးလုပ်နေတဲ့ ဘာကာနည်းပြဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက အက်သလက်တီကိုထံ အငှားချထားတဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာပါတယ်။ အဆိုပါ ပြင်သစ် ကစားသမားဟာ အက်သလက်တီကိုမှာ (၂) ရာသီအငှား စာချုပ်နဲ့ သွားကစားနေတာပါ။ လာမယ့်နွေရာသီမှာ သူ့ရဲ့အငှားစာချုပ်က ကုန်ဆုံးမှာဖြစ်ပြီး နှစ်သင်းကြား