Premier League

လီဗာပူးလ်မှာ သူ့ကို အလိုမရှိတော့ဘူးလို့ ခံစားခဲ့ရကြောင်း ဖွင့်ဟခဲ့တဲ့ ဟန်ဒါဆန်

ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့က လီဗာပူးလ်အသင်းကနေ ထွက်ခွာပြီး ဆော်ဒီကလပ် အယ်လ်အက်တီဖတ်အသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ အသင်းခေါင်းဆောင်ဟောင်း ဟန်ဒါဆန်က သူ့ကို အန်ဖီးလ်မှာ အလိုမရှိတော့ဘူးလို့ ခံစားခဲ့ရကြောင်း ပြောလာခဲ့ပါတယ်။

၂၀၁၁ က ငယ်ဘဝကလပ် ဆန်းဒါးလန်းအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဟန်ဒါဆန်က လီဗာပူးလ်အသင်းအတွက် ၄၉၂ ပွဲပါဝင်ကစားခဲ့ပြီး ပရီးမီးယားလိဂ်၊ချန်ပီယံလိဂ်၊ကလပ်ကမ္ဘာ့ဖလားအပါအဝင် အဓိကဆုဖလား ၇ လုံးအထိ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ နွေရာသီအပြောင်းအရွှေ့ဈေးကွက်အစောပိုင်းက မက်အယ်လစ္စတာနဲ့ ဆိုဘိုဆလိုင်းတို့ကို ခေါ်ယူခဲ့တာကြောင့် ဟန်ဒါဆန်ဟာ ကစားချိန်အကန့်အသတ်သာ ရရှိတော့မှာဖြစ်သလို ကလပ်မှာ သူ့ရဲ့နေရာအတွက် အာမခံချက်မရှိတော့သလို ခံစားခဲ့ရတာပါ။

ဟန်ဒါဆန်က “လီဗာပူးလ်မှာရှိတဲ့ လူတစ်ဦးဦးက ကျွန်တော့်ကို ဒီမှာဆက်နေစေချင်တယ်လို့ ပြောရင် ကျွန်တော်ဒီစကားကို ပြောနေမှာမဟုတ်ပါဘူး။ပြီးတော့ ကျွန်တော့်ရဲ့ကစားသမားဘဝမှာ ဘာတွေဖြစ်လာမလဲဆိုတာကိုလဲ စဉ်းစားရမှာပါ”

“အခု ကျွန်တော်ပြောနေတာက သူတို့က ကျွန်တော့်ကို ထွက်သွားစေချင်တယ်ဆိုပြီး ပြောနေတာမဟုတ်ပါဘူး။ဒါပေမယ့် ကလပ်အသင်းဘက်ကရော ဘယ်သူကမှ ကျွန်တော့်ကို ဆက်ပြီးရှိမေစေချင်တယ်လို့ မခံစားရကြောင်း”ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ