Europa League

ဒါဝင်နူနက်ဇ်ရဲ့အဆုံးသတ်ပိုင်းအားနည်းမှုအတွက် မစိုးရိမ်ဘူးဆိုတဲ့ ကလော့ပ်

လီဗာပူးလ်အသင်းက တူးလော့စ်အသင်းကို ၅ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ဂိုးပေါက်အလွတ်ကို လွဲချော်ခဲ့တဲ့ တိုက်စစ်မှူးဒါဝင်နူနက်ဇ်ရဲ့အဆုံးသတ်ပိုင်းနဲ့ ပတ်သက်ပြီး စိုးရိမ်မှုမရှိဘူးလို့ ပြောလိုက်ပါတယ်။

ဒါဝင်နူနက်ဇ်ဟာ တူးလော့စ်အသင်းနဲ့ ပွဲမှာ အသင်းအတွက် ၁ ဂိုးသွင်းယူခဲ့ပေမယ့် နောက်ထပ်ဂိုးရနိုင်မယ့် အခွင့်အရေးကို ကန်ခဲ့ရာမှာ ဂိုးတိုင်ထိပြီး ပြန်ထွက်သွားခဲ့တာဖြစ်ပါတယ်။ဒါဝင်နူနက်ဇ်ဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ခြေစွမ်းပြပြီး သွင်းဂိုးတွေသွင်းယူနေတာပါ။

ကလော့ပ်က “သူဟာ မယုံနိုင်လောက်အောင်ကစားနိုင်ခဲ့ပါတယ်။သူဟာ အကောင်းဆုံးလုပ်ဆောင်နေတာကြောင့် ဒီတိုင်ထိထွက်သွားတဲ့အရာကို ကျွန်တော်ဂရုမစိုက်နိုင်ပါဘူး။သူဟာ နောက်ခံလူရော၊ ဂိုးသမားကိုရော ဘယ်လိုဖြတ်ကျော်ခဲ့လဲ။ ဒါက ပြီးပြည့်စုံတဲ့အခြေအနေပါ”

“သူဟာ အခုအချိန်မှာ ပျော်ရွှင်နေတဲ့သူအဖြစ် နေ့တိုင်းမြင်တွေ့နေရပါတယ်။အခုလည်း ဒီအတိုင်းဆက်ရှိနေနိုင်အောင် သေချာဖို့အတွက် ကျွန်တော်တို့လုပ်ဆောင်ရမှာပါ”လို့ ပြောခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိ ဒါဝင်နူနက်ဇ်ဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ၁၂ ပွဲပါဝင်ကစားထားပြီး ၅ ဂိုးသွင်းယူထားပါတယ်။

ဆက်စပ်သတင်းများ

Europa League

ပင်နယ်တီပေးပြီးရှုံးခဲ့တဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ်ပေါက်ကွဲ

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဆိုစီဒက်တို့ရဲ့ ယူရိုပါလိဂ်ပွဲမှာ ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ ပတ်သက်လို့ ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ် ပေါက်ကွဲနေကြပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ဆိုစီဒက်ကို ဒီပင်နယ်တီဂိုးကြောင့်ပဲ တဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ နောက်ခံလူ
Europa League

အဲလိဇဘက်ဘုရင်မကြီးအတွက် တမိနစ်ငြိမ်သက်ပေးချိန်မှာ လှောင်ပြောင်ခံခဲ့ရ

မနေ့ညက ကစားခဲ့တဲ့ ဇူးရစ်ချ်နဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ်အုပ်စုပွဲ ဒုတိယပိုင်းမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ခြင်းအတွက် တမိနစ် ငြိမ်သက် အောက်မေ့ခဲ့ကြပါတယ်။ ဒီပွဲ ကစားနေချိန်မှသာ ဘုရင်မကြီးရဲ့ သတင်းကို ကြားသိခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ဒုတိယပိုင်း ပွဲပြန်မစခင်မှာ