Europa League

အွန်နရီရဲ့ ၁၇ နှစ်ကြာစံချိန်ကို ချိုးဖျက်ပြီးစံချိန်သစ်တင်ခဲ့တဲ့ ဆာလတ်

လီဗာပူးလ်အသင်းတိုက်စစ်မှူး ဆာလတ်ဟာ တူးလော့စ်အသင်းကို ၅ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်အုပ်စုအဆင့်ပွဲစဉ်မှာ လီဗာပူးလ်အသင်းအတွက် နောက်ဆုံးဂိုးသွင်းယူခဲ့ပြီးနောက် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

ဒါကတော့ ဆာလတ်ာ အာဆင်နယ်အသင်းဂန္ထဝင် အွန်နရီရဲ့ဥရောပသွင်းဂိုးအများဆုံးကစားသမားဆိုတဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာပါ။အွန်နရီဟာ ၂၀၀၆ ခုနှစ်က ဥရောပပြိုင်ပွဲတွေမှာ သွင်းဂိုး ၄၂ ဂိုးသွင်းယူပြီး ပရီးမီးယားလိဂ်မှာ ဥရောပသွင်းဂိုးအများဆုံးသွင်းယူနိုင်တဲ့သူအဖြစ် စံချိန်တင်ထားတာဖြစ်ပါတယ်။

ဒါကို ဆာလတ်က ၁ ဂိုးအသာ ၄၃ ဂိုးနဲ့ အွန်နရီရဲ့စံချိန်ကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်ရဲ့ဥရောပသွင်းဂိုးအများဆုံးသွင်းယူနိုင်တဲ့သူအဖြစ် စံချိန်သစ်တင်နိုင်ခဲ့တာပါ။ဆာလတ်ဟာ လီဗာပူးလ်အသင်းအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၄၁ ဂိုးနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ၂ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

LIVERPOOL, ENGLAND – OCTOBER 26: (THE SUN OUT, THE SUN ON SUNDAY OUT) Mohamed Salah of Liverpool celebrates after scoring the fifth goal during the UEFA Europa League 2023/24 match between Liverpool FC and Toulouse FC at Anfield on October 26, 2023 in Liverpool, England. (Photo by Andrew Powell/Liverpool FC via Getty Images)

ဆာလတ်ဟာ ဒီစံချိန်တွေအပြင် အာဖရိက ကစားသမားတွေထဲမှာ ဥရောပသွင်းဂိုးအများဆုံးကစားသမား၊ လီဗာပူးလ်ရဲ့ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံးကစားသမားဆိုတဲ့ စံချိန်တွေကိုလည်း တင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Europa League

ပင်နယ်တီပေးပြီးရှုံးခဲ့တဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ်ပေါက်ကွဲ

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဆိုစီဒက်တို့ရဲ့ ယူရိုပါလိဂ်ပွဲမှာ ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ ပတ်သက်လို့ ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ် ပေါက်ကွဲနေကြပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ဆိုစီဒက်ကို ဒီပင်နယ်တီဂိုးကြောင့်ပဲ တဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ နောက်ခံလူ
Europa League

အဲလိဇဘက်ဘုရင်မကြီးအတွက် တမိနစ်ငြိမ်သက်ပေးချိန်မှာ လှောင်ပြောင်ခံခဲ့ရ

မနေ့ညက ကစားခဲ့တဲ့ ဇူးရစ်ချ်နဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ်အုပ်စုပွဲ ဒုတိယပိုင်းမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ခြင်းအတွက် တမိနစ် ငြိမ်သက် အောက်မေ့ခဲ့ကြပါတယ်။ ဒီပွဲ ကစားနေချိန်မှသာ ဘုရင်မကြီးရဲ့ သတင်းကို ကြားသိခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ဒုတိယပိုင်း ပွဲပြန်မစခင်မှာ