Europa League

ဒိုင်ဘားလားက သူ့ရဲ့ အကောင်းဆုံးပုံစံကို ရိုးမားမှာ ပြန်လည်ရှာဖွေနိုင်ခဲ့ပြီလို့ မော်ရင်ဟိုပြော

ရိုးမားအသင်းနည်းပြ မော်ရင်ဟိုက အာဂျင်တီးနားအသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဆုကို ရရှိထားတဲ့ တိုက်စစ်မှူး ဒိုင်ဘားလားဟာ ရိုးမားအသင်းမှာ သူ့ရဲ့ အကောင်းဆုံးပုံစံကို ပြန်လည်ရှာဖွေနိုင်ခဲ့ပြီလို့ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက ဂျူဗင်တပ်စ်နဲ့ စာချုပ်ကုန်ဆုံးပြီးနောက် နည်းပြ မော်ရင်ဟိုရဲ့ ကြိုးစားမှုနဲ့ ဒိုင်ဘားလားဟာ ရိုးမားအသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ဒိုင်ဘားလားဟာ ရိုးမားအသင်းမှာ သူ့ရဲ့ အကောင်းဆုံးပုံစံတွေကို ပြန်လည်ပြသနေပြီး သွင်းဂိုးတွေလည်း ရယူနိုင်ခဲ့တာပါ။

ဒိုင်ဘားလားဟာ ဖီယင်နုကို အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်မှာ ရိုးမားအသင်း နောက်တစ်ဆင့်တက်နိုင်ဖို့ အခွင့်အရေးအတွက် ပွဲပြီးဆုံးကာနီးမှာ ဂိုးသွင်းပြီး အချိန်ပိုအထိ ပို့ဆောင်ပေးနိုင်ခဲ့တာပါ။အဲ့ဒါကြောင့်လည်း ရိုးမားအသင်းဟာ အချိန်ပိုမှာ အနိုင်ရပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

မော်ရင်ဟိုကတော့ ဒိုင်ဘားလားရဲ့ အကောင်းဆုံးပုံစံကို ပြန်ရှာတွေ့ပြီလို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။မော်ရင်ဟိုက “ဂျူဗင်တပ်စ်မှာ ဆုံးရှုံးခဲ့တဲ့ ပျော်ရွှင်မှုတွေကို သူရှာဖွေနေခဲ့ပြီး ဒီမှာတွေ့ရှိခဲ့ပါတယ်။သူဟာ အလွန်ကောင်းမွန်တဲ့ အဖွဲ့တစ်ဖွဲ့ကို တွေ့ခဲ့ပါတယ်”

“သူ့ကို ချစ်တဲ့ ပရိသတ်တွေကို တွေ့ခဲ့ပါတယ်။သူ့ရဲ့ ပင်ကိုယ်စရိုက်နဲ့ စွမ်းရည်အတွက်လည်း ခေါင်းဆောင်မှုအပိုင်းကိုလည်း သူရှာဖွေနိုင်ခဲ့ပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဒိုင်ဘားလားဟာ ဒီရာသီမှာ ရိုးမားအသင်းအတွက် ၃၃ ပွဲပါဝင်ကစားထားအပြီးမှာ ၁၆ ဂိုးသွင်းယူကာ အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Europa League

ပင်နယ်တီပေးပြီးရှုံးခဲ့တဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ်ပေါက်ကွဲ

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဆိုစီဒက်တို့ရဲ့ ယူရိုပါလိဂ်ပွဲမှာ ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ ပတ်သက်လို့ ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ် ပေါက်ကွဲနေကြပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ဆိုစီဒက်ကို ဒီပင်နယ်တီဂိုးကြောင့်ပဲ တဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ နောက်ခံလူ
Europa League

အဲလိဇဘက်ဘုရင်မကြီးအတွက် တမိနစ်ငြိမ်သက်ပေးချိန်မှာ လှောင်ပြောင်ခံခဲ့ရ

မနေ့ညက ကစားခဲ့တဲ့ ဇူးရစ်ချ်နဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ်အုပ်စုပွဲ ဒုတိယပိုင်းမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ခြင်းအတွက် တမိနစ် ငြိမ်သက် အောက်မေ့ခဲ့ကြပါတယ်။ ဒီပွဲ ကစားနေချိန်မှသာ ဘုရင်မကြီးရဲ့ သတင်းကို ကြားသိခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ဒုတိယပိုင်း ပွဲပြန်မစခင်မှာ