International

အီလွန်မတ်စ်ရဲ့မူဝါဒတွေကြောင့် ရော်နယ်ဒိုရဲ့တွစ်တာမှာ အပြာရောင်အမှတ်အသားဖြုတ်ချခံရ

တွစ်တာပေါ်မှာ ဖော်လိုဝါအများဆုံးအားကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ရော်နယ်ဒိုဟာ တွစ်တာရဲ့ပြောင်းလဲလိုက်တဲ့ မူဝါဒတွေကြောင့် အပြာရောင်အမှတ်အသားကို ဆုံးရှုံးသွားခဲ့ပြီဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ တွစ်တာပေါ်မှာ ဖော်လိုဝါ ၁၀၈.၃ သန်းရှိပြီး အရင်က တရားဝင်အကောင့်ဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုဖို့အတွက် ဒီအပြာရောင်အမှတ်အသားတွေထားရှိခဲ့ကြတာပါ။ဒါပေမယ့် တွစ်တာက စည်းမျဉ်းအသစ် ချမှတ်ခဲ့တာကြောင့် နာမည်ကြီးအများအပြားရဲ့အကောင့်တွေဟာ အပြာရောင်အမှတ်အသားဆုံးရှုံးခဲ့ရပါတယ်။

ဒီထဲမှာ ရော်နယ်ဒိုလည်း တစ်ဦးအပါအဝင်ဖြစ်ခဲ့ပါတယ်။အခုဆိုရင် တွစ်တာအသုံးပြုသူတွေအနေနဲ့ ဒီအပြာရောင်အမှတ်အသားကို ရချင်ရင် တစ်လကို ၈ ဒေါ်လာပေးရတော့မှာပါ။အီလွန်မတ်စ်ဟာ တွစ်တာကို ၂၀၂၂ အောက်တိုဘာလက ဒေါ်လာ ၄၄ ဘီလီယံနဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး သူ့ရဲ့ငွေရှာနည်းကို သဘောကျနေပါတယ်။

လီဘရွန်ဂျိမ်းစ်အပါအဝင် နာမည်ကျော်အများအပြားလည်း ဒီအပြာရောင်အမှတ်အသားကို ဆုံးရှုံးခဲ့ရပါတယ်။ရော်နယ်ဒိုတို့လို တစ်ပတ်ကို ပေါင်သန်းချီဝင်နေတဲ့ ကစားသမားတွေအတွက် ၈ ဒေါ်လာဟာ စာဖွဲ့စရာမရှိပေမယ့် တွစ်တာကို ပေးချေမလားဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

International

မက်ဆီထိုးပေးခဲ့တဲ့လက်မှတ်ကို တက်တူးပြောင်းထိုးလိုက်တဲ့ ကစားသမား

အင်တာမိုင်ယာမီ ဂိုးသမား ဖရန်ဆစ္စကိုရာနီရီက မက်ဆီ သူ့အတွက် ထိုးပေးသွားခဲ့တဲ့ လက်မှတ်ကို ပုံစံတူ တက်တူးအဖြစ် ပြောင်းလဲလိုက်ကြောင်း သိရှိရပါတယ်။ နိုင်ငံတကာရက်သတ္တပတ်မှာ အာဂျင်တီးနားဟာ အမေရိကန်နိုင်ငံက အင်တာမိုင်ယာမီရဲ့ လေ့ကျင့်ရေးကွင်းမှာ ဟွန်ဒူးရပ်စ်၊ ဂျမေကာတို့နဲ့ ပွဲတွေအတွက် လေ့ကျင့်ပြင်ဆင်ခဲ့ရပါတယ်။
International

ဂိုးသွင်းခဲ့ပေမယ့် ပြိုင်ဘက်ပရိသတ်တွေရဲ့ ထိုးနှက်မှုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဘရာဇီးကြယ်ပွင့်များ

ဘရာဇီးကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ရစ်ချာလီဆန်နဲ့ နေမာတို့ဟာ တူနီးရှားကို ၅-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပြိုင်ဘက်ပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားမှု၊ လေဆာနဲ့ ထိုးပြီး နှောင့်ယှက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဘရာဇီးဟာ ဒီတပတ်ကစားခဲ့တဲ့ ခြေစမ်းပွဲနှစ်ပွဲလုံး အနိုင်ရရှိခဲ့တာပါ။ ရစ်ချာလီဆန်ဟာ အသင်းအတွက် ဒုတိယဂိုးကို