Europa League

ဆီဗီလာနဲ့ ပွဲမှာ အမှားအယွင်းတွေပြုလုပ်ခဲ့ပေမယ့် ဒီဂီယာကို အပြစ်မတင်ခဲ့တဲ့ အဲရစ်တန်ဟတ်

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ဟာ ဆီဗီလာအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာ အမှားအယွင်းတွေ ပြုလုပ်ခဲ့တဲ့ ဂိုးသမား ဒီဂီယာကို အပြစ်မတင်သွားခဲ့တာဖြစ်ပါတယ်။

ဒီဂီယာဟာ ၃ ဂိုးစလုံးမှာ အမှားမကင်းခဲ့တာကြောင့် ဝေဖန်ခံနေရတာဖြစ်ပါတယ်။ပထမဂိုးမှာလည်း ဆီဗီလာကစားသမားတွေ ဖိအားပေးခြင်းခံနေရတဲ့ အသင်းခေါင်းဆောင် မက်ဂွဲယားကို ဘောလုံးပေးပို့ခဲ့တာပါ။ဒုတိယဂိုးဖြစ်တဲ့ ထောင့်ကန်ဘောကိုလည်း ထွက်ပြီး မကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

တတိယဂိုးမှာတော့ ဂိုးဧရိယာအပြင်ဘက်မှာရှိနေတဲ့ ဘောလုံးကို ဝင်ပြီးထိန်းခဲ့ရာမှာ ချော်သွားခဲ့လို့ ဆီဗီလာတိုက်စစ်မှူး အန်နက်ဆရီက ဂိုးသွင်းခဲ့တာပါ။ဒီဂီယာဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် လက်စွမ်းပြသနေပေမယ့် ဒီပွဲမှာတော့ ဆိုးဆိုးရွားရွားကို အမှားကျူးလွန်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် နည်းပြကတော့ တစ်သင်းလုံးရဲ့ စွမ်းဆောင်ရည်နဲ့ နိုင်လိုစိတ်ကင်းမဲ့မှုတွေကို ထောက်ပြခဲ့ပြီး ဒီဂီယာကို အပြစ်မတင်သွားခဲ့တာပါ။

အဲရစ်တန်ဟတ်က “သူဟာ ပရီးမီးယားလိဂ်မှာ ဂိုးမပေးရအောင် အများဆုံးလုပ်ထားတဲ့သူပါ။ဒါကို ကြည့်ရရင် သူဟာ အလွန်စွမ်းဆောင်ရည်ကောင်းတဲ့ ဂိုးသမားဖြစ်တယ်ဆိုတာကို ပြသနေပါတယ်”လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Europa League

ပင်နယ်တီပေးပြီးရှုံးခဲ့တဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ်ပေါက်ကွဲ

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဆိုစီဒက်တို့ရဲ့ ယူရိုပါလိဂ်ပွဲမှာ ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ ပတ်သက်လို့ ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ် ပေါက်ကွဲနေကြပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ဆိုစီဒက်ကို ဒီပင်နယ်တီဂိုးကြောင့်ပဲ တဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ နောက်ခံလူ
Europa League

အဲလိဇဘက်ဘုရင်မကြီးအတွက် တမိနစ်ငြိမ်သက်ပေးချိန်မှာ လှောင်ပြောင်ခံခဲ့ရ

မနေ့ညက ကစားခဲ့တဲ့ ဇူးရစ်ချ်နဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ်အုပ်စုပွဲ ဒုတိယပိုင်းမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ခြင်းအတွက် တမိနစ် ငြိမ်သက် အောက်မေ့ခဲ့ကြပါတယ်။ ဒီပွဲ ကစားနေချိန်မှသာ ဘုရင်မကြီးရဲ့ သတင်းကို ကြားသိခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ဒုတိယပိုင်း ပွဲပြန်မစခင်မှာ