Europa League

ဖီယင်နုကို အချိန်ပိုမှာ အနိုင်ယူပြီး ရိုးမား ယူရိုပါလိဂ်ဆီမီးဖိုင်နယ်တက်

ယူရိုပါလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ ပွဲစဉ်ဖြစ်တဲ့ ရိုးမားနဲ့ ဖီယင်နုတို့ ပွဲမှာ ရိုးမားအသင်းက ၄ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ပွဲချိန်အတွင်းမှာ ရိုးမားအသင်းက ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်လို့ နှစ်ကျော့ပေါင်းရလဒ် ၂ ဂိုးစီသရေကျနေခဲ့ပါတယ်။အဲ့ဒါကြောင့် အချိန်ပို ဆက်လက်ယှဉ်ပြိုင်ခဲ့ရပြီး ရိုးမားအသင်းက နောက်ထပ် ၂ ဂိုးသွင်းယူခဲ့တာပါ။
အဲ့ဒါကြောင့် ရိုးမားအသင်းဟာ နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး- ၂ ဂိုးနဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့တာဖြစ်ပါတယ်။

AS Roma’s Argentinian forward Paulo Dybala shoots on target during the UEFA Europa League quarter-finals second leg football match between AS Rome and Feyenoord Rotterdam on April 20, 2023 at the Olympic stadium in Rome. (Photo by Filippo MONTEFORTE / AFP) (Photo by FILIPPO MONTEFORTE/AFP via Getty Images)

ဒီပွဲမှာ ရိုးမားအတွက်ဂိုးတွေကို စပင်နာဇိုလာ၊ ဒိုင်ဘားလား၊အယ်လ်ရှာရာဝေးနဲ့ ပယ်လီဂရီနီတို့က သွင်းယူခဲ့တာပါ။
ရိုးမားအသင်းဟာ ဆီမီးဖိုင်နယ်မှာတော့ ဂျာမနီကလပ် လေဗာကူဆင်အသင်းနဲ့ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ROME, ITALY – APRIL 20: Lorenzo Pellegrini of AS Roma celebrates victory with fans of AS Roma after the UEFA Europa League Quarterfinal Second Leg match between AS Roma and Feyenoord at Stadio Olimpico on April 20, 2023 in Rome, Italy. (Photo by Paolo Bruno/Getty Images)

မော်ရင်ဟိုဟာ ရိုးမားအသင်းကို ပြီးခဲ့တဲ့ရာသီက ယူရိုပါကွန်းဖရန့်စ်လိဂ်ရရှိအောင် ကိုင်တွယ်ပေးနိုင်ခဲ့သလို ဒီရာသီမှာလည်း ယူရိုပါလိဂ်ရအောင် ကိုင်တွယ်ပေးဖို့အတွက် ဆီမီးဖိုင်နယ်အဆင့်အထိ ပို့ဆောင်ပေးထားတာပါ။

ROME, ITALY – APRIL 20: Stephan El Shaarawy of AS Roma celebrates after scoring the team’s third goal during the UEFA Europa League Quarterfinal Second Leg match between AS Roma and Feyenoord at Stadio Olimpico on April 20, 2023 in Rome, Italy. (Photo by Paolo Bruno/Getty Images)

ရိုးမားအသင်းဟာ ဒီရာသီ စီးရီးအေပြိုင်ပွဲမှာလည်း အဆင့် ၄ နေရာမှာရပ်တည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်

ဆက်စပ်သတင်းများ

Europa League

ပင်နယ်တီပေးပြီးရှုံးခဲ့တဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ်ပေါက်ကွဲ

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဆိုစီဒက်တို့ရဲ့ ယူရိုပါလိဂ်ပွဲမှာ ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ ပတ်သက်လို့ ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ် ပေါက်ကွဲနေကြပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ဆိုစီဒက်ကို ဒီပင်နယ်တီဂိုးကြောင့်ပဲ တဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ နောက်ခံလူ
Europa League

အဲလိဇဘက်ဘုရင်မကြီးအတွက် တမိနစ်ငြိမ်သက်ပေးချိန်မှာ လှောင်ပြောင်ခံခဲ့ရ

မနေ့ညက ကစားခဲ့တဲ့ ဇူးရစ်ချ်နဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ်အုပ်စုပွဲ ဒုတိယပိုင်းမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ခြင်းအတွက် တမိနစ် ငြိမ်သက် အောက်မေ့ခဲ့ကြပါတယ်။ ဒီပွဲ ကစားနေချိန်မှသာ ဘုရင်မကြီးရဲ့ သတင်းကို ကြားသိခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ဒုတိယပိုင်း ပွဲပြန်မစခင်မှာ