Europa League

အနုတ်ခံထားရတဲ့ ၁၅ မှတ်လည်းပြန်ရ၊ယူရိုပါလိဂ်မှာလည်း ဆီမီးဖိုင်နယ်တက်တဲ့ ဂျူဗီ

ဂျူဗင်တပ်စ်အသင်းဟာ စပို့တင်းလစ္စဘွန်းအသင်းအိမ်ကွင်းမှာ ကစားခဲ့တဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ၁ ဂိုးစီသရေကျပြီးနောက် ဆီမီးဖိုင်နယ်အဆင့်ကို တက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

LISBON, PORTUGAL – APRIL 20: Juventus players acknowledge the fans after the UEFA Europa League Quarterfinal Second Leg match between Sporting CP and Juventus at Estadio Jose Alvalade on April 20, 2023 in Lisbon, Portugal. (Photo by Angel Martinez – UEFA/UEFA via Getty Images)

ဒီပွဲမှာ ဂျူဗင်တပ်စ်အတွက် ရာဘီယော့က ဦးဆောင်ဂိုးသွင်းယူပေးခဲ့တာကို စပို့တင်းကစားသမား အက်ဒ်ဝါတ်က ပြန်လည်ချေပနိုင်ခဲ့တာပါ။ပထမအကျော့ ဂျူဗင်တပ်စ်အိမ်ကွင်းမှာ ကစားခဲ့တုန်းက ဂျူဗင်တပ်စ်အသင်းက ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဂျူဗင်တပ်စ်အသင်းဟာ နှစ်ကျော့ပေါင်းရလဒ် ၂ ဂိုး- ၁ ဂိုးနဲ့ စပို့တင်းအသင်းကို အနိုင်ရပြီး ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ကို တက်နိုင်ခဲ့ပါတယ်။ဂျူဗင်တပ်စ်အသင်းဟာ ဆီမီးဖိုင်နယ်မှာတော့ ယူနိုက်တက်ကို အနိုင်ရခဲ့တဲ့ ဆီဗီလာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

LISBON, PORTUGAL – APRIL 20: Sebastian Coates of Sporting CP shoots during the UEFA Europa League Quarterfinal Second Leg match between Sporting CP and Juventus at Estadio Jose Alvalade on April 20, 2023 in Lisbon, Portugal. (Photo by Octavio Passos/Getty Images)

ဂျူဗင်တပ်စ်အသင်းဟာ ဒီပွဲမတိုင်ခင်ကမှ သူတို့ကို စီးရီးအေပြိုင်ပွဲမှာ ၁၅ မှတ်လျှော့ပြစ်ဒဏ်ချမှတ်ထားတာကို ပြန်ပြောင်းတဲ့ ဆုံးဖြတ်ချက်ချခဲ့လို့ ရမှတ် ၁၅ မှတ်ပြန်ရသွားပြီး စီးရီးအေအမှတ်ပေးဇယား ၃ နေရာကို ပြန်တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

Juventus’ Polish forward Arkadiusz Milik (R) celebrates with teammates at the end of the UEFA Europa league quarter final second leg football match between Sporting CP and Juventus at the Jose Alvalade stadium in Lisbon on April 20, 2023. (Photo by PATRICIA DE MELO MOREIRA / AFP) (Photo by PATRICIA DE MELO MOREIRA/AFP via Getty Images)

ပြီးတော့ ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်တက်နိုင်ခဲ့လို့ ဂျူဗင်တပ်စ်အတွက် ပြီးပြည့်စုံတဲ့ နေ့ဖြစ်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Europa League

ပင်နယ်တီပေးပြီးရှုံးခဲ့တဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ်ပေါက်ကွဲ

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဆိုစီဒက်တို့ရဲ့ ယူရိုပါလိဂ်ပွဲမှာ ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ ပတ်သက်လို့ ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ် ပေါက်ကွဲနေကြပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ဆိုစီဒက်ကို ဒီပင်နယ်တီဂိုးကြောင့်ပဲ တဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ နောက်ခံလူ
Europa League

အဲလိဇဘက်ဘုရင်မကြီးအတွက် တမိနစ်ငြိမ်သက်ပေးချိန်မှာ လှောင်ပြောင်ခံခဲ့ရ

မနေ့ညက ကစားခဲ့တဲ့ ဇူးရစ်ချ်နဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ်အုပ်စုပွဲ ဒုတိယပိုင်းမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ခြင်းအတွက် တမိနစ် ငြိမ်သက် အောက်မေ့ခဲ့ကြပါတယ်။ ဒီပွဲ ကစားနေချိန်မှသာ ဘုရင်မကြီးရဲ့ သတင်းကို ကြားသိခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ဒုတိယပိုင်း ပွဲပြန်မစခင်မှာ