Europa League

ခံစစ်ကစားခြင်းအနုပညာနဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲတက်ခဲ့တဲ့ မော်ရင်ဟိုရဲ့ရိုးမား

ဒီမနက်ပိုင်းက ကစားခဲ့တဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ လေဗာကူဆင်နဲ့ ရိုးမားအသင်းတို့ပွဲမှာ ဂိုးမရှိသရေကျသွားခဲ့ပါတယ်။

Roma’s head coach Jose Mourinho, left, celebrates after the Europa League semifinal second leg soccer match between Bayer Leverkusen and Roma at the BayArena in Leverkusen, Germany, Thursday, May 18, 2023.(AP Photo/Martin Meissner)

ပထမအကျော့က ရိုးမားအသင်းက ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့လို့ နှစ်ကျော့ပေါင်းရလဒ် ၁ ဂိုး-ဂိုးမရှိနဲ့ ရိုးမားအသင်းက ယူရိုပါလိဂ်ဗိုလ်လုပွဲကိုတက်နိုင်ခဲ့တာပါ။ပြီးခဲ့တဲ့နှစ်က ယူရိုပါကွန်းဖရန့်စ်လိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ရိုးမားအတွက် ၂ နှစ်ဆက် ဥရောပပြိုင်ပွဲတွေမှာ ချန်ပီယံဆုရယူနိုင်ဖို့ မျှော်လင့်ချက်တွေရှိလာခဲ့တာဖြစ်ပါတယ်။

လေဗာကူဆင်အသင်းဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၇၂ ရာခိုင်နှုန်း၊ ဂိုးပေါက်ကန်သွင်းမှု ၂၃ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၆ ကြိမ်အထိရှိခဲ့ပေမယ့် ရိုးမားအသင်းဘက်ကို ဂိုးမသွင်းနိုင်ခဲ့တာပါ။ရိုးမားအသင်းကတော့ ဒီပွဲမှာ ဂိုးပေါက်ကန်သွင်းမှု ၁ ကြိမ်သာရှိခဲ့ပေမယ့် ဗိုလ်လုပွဲဆီတက်နိုင်ခဲ့တာဖြစ်ပါတယ်။

ရိုးမားအသင်းဟာ ဗိုလ်လုပွဲမှာ ဂျူဗင်တပ်စ်ကို အနိုင်ရခဲ့တဲ့ ဆီဗီလာအသင်းနဲ့ မေလ ၃၁ ရက် ဘူဒါပတ်စ်မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Europa League

ပင်နယ်တီပေးပြီးရှုံးခဲ့တဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ်ပေါက်ကွဲ

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဆိုစီဒက်တို့ရဲ့ ယူရိုပါလိဂ်ပွဲမှာ ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ ပတ်သက်လို့ ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ် ပေါက်ကွဲနေကြပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ဆိုစီဒက်ကို ဒီပင်နယ်တီဂိုးကြောင့်ပဲ တဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ နောက်ခံလူ
Europa League

အဲလိဇဘက်ဘုရင်မကြီးအတွက် တမိနစ်ငြိမ်သက်ပေးချိန်မှာ လှောင်ပြောင်ခံခဲ့ရ

မနေ့ညက ကစားခဲ့တဲ့ ဇူးရစ်ချ်နဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ်အုပ်စုပွဲ ဒုတိယပိုင်းမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ခြင်းအတွက် တမိနစ် ငြိမ်သက် အောက်မေ့ခဲ့ကြပါတယ်။ ဒီပွဲ ကစားနေချိန်မှသာ ဘုရင်မကြီးရဲ့ သတင်းကို ကြားသိခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ဒုတိယပိုင်း ပွဲပြန်မစခင်မှာ