Premier League

EPL အကောင်းဆုံးနည်းပြဆုအတွက် ဆန်ကာတင်စာရင်းမှာ အဲရစ်တန်ဟတ်ချန်လှပ်ခံရ

ပရီးမီးယားလိဂ်ဟာ အခုနှစ်ရာသီ အကောင်းဆုံးနည်းပြဆုအတွက် ဆန်ကာတင် ၆ ဦးစာရင်းကို ထုတ်ပြန်ခဲ့ရာမှာ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ် ချန်လှပ်ခံရတာဖြစ်ပါတယ်။

ဆန်ကာတင်စာရင်းမှာ ပါဝင်တဲ့ နည်းပြတွေကတော့ မန်စီးတီးနည်းပြ ဂွာဒီယိုလာ၊ အာဆင်နယ်နည်းပြ အာတီတာ၊ ဘရိုက်တန်နည်းပြ ဒီဇာဘီ၊ နယူးကာဆယ်နည်းပြ အက်ဒီဟိုဝီ၊ အက်စတွန်နည်းပြ အူနှိုင်းအမ်မရီနဲ့ ဖူလ်ဟမ်နည်းပြ မာကိုဆေးလ်ဗားတို့ ဖြစ်ပါတယ်။

ပရိသတ်တွေကတော့ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်နဲ့ ဘုန်းမောက်နည်းပြ ဂယ်ရီအိုနေးလ်တို့ မပါဝင်တဲ့အပေါ် ဝေဖန်မှုတွေပြုလုပ်ခဲ့ပါတယ်။အဲရစ်တန်ဟတ်ဟာ သူ့ရဲ့ပွဲဦးထွက်ရာသီမှာ အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နီးစပ်အောင် ကိုင်တွယ်ပေးခဲ့သလို ကာရာဘောင်းဖလားလည်း ရယူပေးခဲ့တာဖြစ်ပါတယ်။

ဘုန်းမောက်နည်းပြ အိုနေးလ်ဟာ ရာသီအစပိုင်းက ရလဒ်တွေဆိုးနေတဲ့ အသင်းကို ပရီးမီးယားလိဂ်မှာ ဆက်လက်ရှင်သန်နိုင်အောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒါကြောင့် ပရိသတ်တွေက သူတို့နှစ်ဦး မပါဝင်တဲ့ အပေါ် မေးခွန်းတွေထုတ်ခဲ့ကြတာဖြစ်ပါတယ်။

ပရိသတ်တွေဟာ ပရီးမီးယားလိဂ်ရဲ့တရားဝင်ဝက်ဘ်ဆိုက်မှာ မဲပေးပြီး အကောင်းဆုံးနည်းပြဆုအတွက် ရွေးချယ်နိုင်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ