Europa League

၁၉၇၆ နောက်ပိုင်း ပထမဆုံးဥရောပဖလားဗိုလ်လုပွဲတက်ခဲ့တဲ့ ဝက်စ်ဟမ်း

ဝက်စ်ဟမ်းအသင်းဟာ ယူရိုပါကွန်းဖရန့်စ်လိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ AZ အယ်လ်ခမာအသင်းကို အနိုင်ရပြီးနောက် ၁၉၇၆ နောက်ပိုင်း ပထမဆုံးအကြိမ် ဥရောပဖလားဗိုလ်လုပွဲတက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယအကျော့အဖြစ် ဒတ်ချ်အိမ်ကွင်းမှာ ကစားခဲ့တဲ့ပွဲမှာ ဝက်စ်ဟမ်းအသင်းက ပါဘလိုဖော်နယ်လ်ရဲ့နာကျင်အချိန်ပိုမှာ သွင်းယူတဲ့ ဂိုးကြောင့် ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ဝက်စ်ဟမ်းအသင်းဟာ ပထမအကျော့က ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရထားတာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုး- ၁ ဂိုးနဲ့ ဗိုလ်လုပွဲတက်နိုင်ခဲ့တာပါ။

ဝက်စ်ဟမ်းအသင်းဟာ ဗိုလ်လုပွဲအဖြစ် ဘေဆဲလ်အသင်းကို အချိန်ပိုမှာ အနိုင်ရခဲ့တဲ့ ဖီအိုရင်တီးနားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ဝက်စ်ဟမ်းအသင်းဟာ ၁၉၈၀ က အက်ဖ်အေဖလားရပြီးနောက်ပိုင်း ပထမဆုံးအဓိကဆုဖလားရယူနိုင်ဖို့ မျှော်လင့်နေတာပါ။

ဝက်စ်ဟမ်းအသင်းဟာ ဥရောပဗိုလ်လုပွဲ နောက်ဆုံးတက်နိုင်ခဲ့တာက ၁၉၇၅-၇၆ Cup Winner Cup ဗိုလ်လုပွဲဖြစ်ပြီး အဲ့ဒီတုန်းက အန်ဒါလတ်ချ်ကို အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ဝက်စ်ဟမ်းအသင်းဟာ ပြီးခဲ့တဲ့နှစ်က ယူရိုပါလိဂ်ဆီမီးဖိုင်နယ်တက်ခဲ့ပေမယ့် ဖရန့်ဖတ်ကို အရေးနိမ့်ခဲ့တာပါ။

ဝက်စ်ဟမ်းအသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လိဒ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Europa League

ပင်နယ်တီပေးပြီးရှုံးခဲ့တဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ်ပေါက်ကွဲ

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဆိုစီဒက်တို့ရဲ့ ယူရိုပါလိဂ်ပွဲမှာ ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ ပတ်သက်လို့ ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ် ပေါက်ကွဲနေကြပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ဆိုစီဒက်ကို ဒီပင်နယ်တီဂိုးကြောင့်ပဲ တဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ နောက်ခံလူ
Europa League

အဲလိဇဘက်ဘုရင်မကြီးအတွက် တမိနစ်ငြိမ်သက်ပေးချိန်မှာ လှောင်ပြောင်ခံခဲ့ရ

မနေ့ညက ကစားခဲ့တဲ့ ဇူးရစ်ချ်နဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ်အုပ်စုပွဲ ဒုတိယပိုင်းမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ခြင်းအတွက် တမိနစ် ငြိမ်သက် အောက်မေ့ခဲ့ကြပါတယ်။ ဒီပွဲ ကစားနေချိန်မှသာ ဘုရင်မကြီးရဲ့ သတင်းကို ကြားသိခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ဒုတိယပိုင်း ပွဲပြန်မစခင်မှာ