Europa League

ယူရိုပါလိဂ်ကွာတားဖိုင်နယ်မှာ ယူနိုက်တက်နဲ့ ဘယ်အသင်းတွေ့စေချင်လဲကို ပြောပြခဲ့တဲ့ ပေါလ်စခိုးလ်

ယူနိုက်တက်အသင်းဟာ ဘက်တစ်အသင်းကို ယူရိုပါလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး- ၁ ဂိုးနဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ပေါလ်စခိုးလ်ကတော့ ကွာတားဖိုင်နယ်ကို တက်ရောက်လာတဲ့ အသင်းတွေထဲက အင်အားနည်းတဲ့ အသင်းနဲ့ ယူနိုက်တက်ကို မတွေ့ဆုံစေချင်ဘဲ အသင်းကြီးတွေဖြစ်တဲ့ ဂျူဗင်တပ်စ်၊ ရိုးမားအသင်းတို့နဲ့ တွေ့ဆုံစေချင်တယ်လို့ပြောခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ၁၆ သင်းအဆင့်မှာ ဖရိုင်းဘတ်ကို အနိုင်ရခဲ့ပြီး၊ ရိုးမားအသင်းကတော့ ဆိုစီဒက်အသင်းကို ကျော်ဖြတ်ပြီး ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့တာပါ။ပေါလ်စခိုးလ်က “ကျွန်တော်ကတော့ ပွဲကြီးပွဲကောင်းတွေကိုပဲ အမြဲတမ်းလိုချင်ပါတယ်။အိုးထရက်ဖိုဒ့်မှာ ဒီလိုပွဲကြီးတွေကို သဘောကျတာပါ။ယူရိုပါလိဂ်မှာရှိနေတဲ့အတွက် ချန်ပီယံလိဂ်မဟုတ်ဘူးဆိုတာ သိပါတယ်”

“ဒါပေမယ့် ဂျူဗင်တပ်စ်ရဲ့သမိုင်းကြောင့် ပွဲဖြစ်လာရင် ဘယ်လောက်တောင်ကောင်းမလဲ။နှစ်သင်းစလုံးက အရင်အဆင့်မှာမဟုတ်ဘူးဆိုတာ သိပါတယ်။ဒါပေမယ့် သူတို့တွေဟာ ပြန်လာဖို့ လမ်းကြောင်းပေါ်ကို ရောက်နေပုံရပါတယ်။ဒါကြောင့် ကျွန်တော့်အတွက် ဂျူဗင်တပ်စ်နဲ့ ရိုးမားလည်းဖြစ်နိုင်တယ်”လို့ပြောခဲ့တာပါ။

ယူရိုပါလိဂ်ကွာတားဖိုင်နယ်အတွက် မဲခွဲမှုကို ဒီနေ့မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Europa League

ပင်နယ်တီပေးပြီးရှုံးခဲ့တဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ်ပေါက်ကွဲ

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဆိုစီဒက်တို့ရဲ့ ယူရိုပါလိဂ်ပွဲမှာ ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ ပတ်သက်လို့ ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ် ပေါက်ကွဲနေကြပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ဆိုစီဒက်ကို ဒီပင်နယ်တီဂိုးကြောင့်ပဲ တဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ နောက်ခံလူ
Europa League

အဲလိဇဘက်ဘုရင်မကြီးအတွက် တမိနစ်ငြိမ်သက်ပေးချိန်မှာ လှောင်ပြောင်ခံခဲ့ရ

မနေ့ညက ကစားခဲ့တဲ့ ဇူးရစ်ချ်နဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ်အုပ်စုပွဲ ဒုတိယပိုင်းမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ခြင်းအတွက် တမိနစ် ငြိမ်သက် အောက်မေ့ခဲ့ကြပါတယ်။ ဒီပွဲ ကစားနေချိန်မှသာ ဘုရင်မကြီးရဲ့ သတင်းကို ကြားသိခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ဒုတိယပိုင်း ပွဲပြန်မစခင်မှာ