Europa League

ပင်နယ်တီဆိုတာက ထီထိုးရသလိုပါပဲလို့ ယူရိုပါလိဂ်က ထွက်ရပြီးနောက်ပြောလာတဲ့ အာတီတာ

အာဆင်နယ်အသင်းဟာ စပို့တင်းလစ္စဘွန်းအသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာ အရေးနိမ့်ပြီး ယူရိုပါလိဂ် ၁၆ သင်းအဆင့်ကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။

ပထမအကျော့ပွဲစဉ်က ၂ ဂိုးစီသရေကျခဲ့ပြီး ဒုတိယအကျော့ပွဲစဉ်မှာ ၁ ဂိုးစီသရေကျခဲ့လို့ အချိန်ပို၊ ပင်နယ်တီအထိ ဆက်ပြီးသွားခဲ့ရတာပါ။ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာတော့ အာဆင်နယ်အသင်းက မာတင်နယ်လီက ဂိုးမဝင်ခဲ့ပဲ စပို့တင်းအသင်းက ၅ ဦးစလုံးဂိုးဝင်ခဲ့တာကြောင့် စပို့တင်းအသင်းက ၅ ဂိုး- ၃ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

အာတီတာကတော့ သူတို့ဟာ ဒီပြိုင်ပွဲရဲ့နောက်တစ်ဆင့်ကို တက်ရောက်ချင်ပေမယ့် ပင်နယ်တီဆိုတာ ထီထိုးရသလိုပဲဖြစ်တာကြောင့် ပင်နယ်တီကို အားကိုးလို့မရဘူးလို့ ပြောခဲ့တာပါ။

အာတီတာက “ အသင်းအနေနဲ့ နောက်တစ်ဆင့်ကို တကယ်တက်ရောက်ချင်သလို ဒီပြိုင်ပွဲမှာ ဆက်ပြီးတိုက်ပွဲဝင်ချင်တာပါ။ကျွန်တော်တို့ ကြိုးစားခဲ့ပေမယ့်လည်း မလုံလောက်ပါဘူး။ စပို့တင်းအသင်းကိုတော့ နောက်တစ်ဆင့်တက်နိုင်ခဲ့လို့ ဂုဏ်ပြုချင်ပါတယ်”

“တိုမီယာဆုနဲ့ ဆလီဘာတို့ကို စောစောစီးစီးဆုံးရှုံးခဲ့ရ တာကြောင့် ပွဲကိုစီမံခန့်ခွဲရတာခက်ခဲခဲ့ပါတယ်။အသင်းရဲ့ စည်းချက်တွေကို မတွေ့ခဲ့ရပေမယ့် ပွဲပြီးကာနီးနောက်ဆုံးမိနစ် ၂၀ အတွင်းမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြန်ရခဲ့ပေမယ့် ဂိုးတော့မသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ပင်နယ်တီကတော့ ထီထိုးရသလိုပဲ”လို့ ဆိုခဲ့ပါတယ်။

Soccer Football – Europa League – Round of 16 – Second Leg – Arsenal v Sporting CP – Emirates Stadium, London, Britain – March 16, 2023 Arsenal’s Thomas Partey and manager Mikel Arteta look dejected after losing the penalty shootout REUTERS/David Klein

အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ အမြင့်ဆုံးအောင်မြင်မှုအဖြစ် ဗိုလ်လုပွဲအထိသာ တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး အခုနှစ်ရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ရယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Europa League

ပင်နယ်တီပေးပြီးရှုံးခဲ့တဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ်ပေါက်ကွဲ

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဆိုစီဒက်တို့ရဲ့ ယူရိုပါလိဂ်ပွဲမှာ ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ ပတ်သက်လို့ ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ် ပေါက်ကွဲနေကြပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ဆိုစီဒက်ကို ဒီပင်နယ်တီဂိုးကြောင့်ပဲ တဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ နောက်ခံလူ
Europa League

အဲလိဇဘက်ဘုရင်မကြီးအတွက် တမိနစ်ငြိမ်သက်ပေးချိန်မှာ လှောင်ပြောင်ခံခဲ့ရ

မနေ့ညက ကစားခဲ့တဲ့ ဇူးရစ်ချ်နဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ်အုပ်စုပွဲ ဒုတိယပိုင်းမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ခြင်းအတွက် တမိနစ် ငြိမ်သက် အောက်မေ့ခဲ့ကြပါတယ်။ ဒီပွဲ ကစားနေချိန်မှသာ ဘုရင်မကြီးရဲ့ သတင်းကို ကြားသိခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ဒုတိယပိုင်း ပွဲပြန်မစခင်မှာ