Europa League

ရင်ဘတ်အောင့်လာခဲ့လို့ ပွဲဆက်မကစားနိုင်ဘဲ ကွင်းထဲကနေ ငိုကြွေးပြီးထွက်ခဲ့ရတဲ့ ဆက်ဇနီ

ဂျူဗင်တပ်စ်ဂိုးသမား ဆက်ဇနီဟာ စပို့တင်းလစ္စဘွန်းအသင်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်ရဲ့ ပွဲချိန်မိနစ် ၄၀ ကျော်မှာ ရင်ဘတ်အောင့်လာခဲ့လို့ ဆက်မကစားနိုင်တော့ဘဲ အသင်းဖော်တွေကလည်း ဆေးအဖွဲ့ရဲ့ကုသမှုအမြန်ဆုံးခံယူနိုင်ဖို့ လုပ်ခဲ့ရပါတယ်။

ဆက်ဇနီဟာ ကုသမှုခံယူပြီးနောက် ပွဲချိန် ၄၄ မိနစ်မှာ ဂိုးသမား ပီရင်နဲ့ လူစားလဲမှုပြုလုပ်ခဲ့ပြီး ကွင်းထဲကနေ ထွက်ချိန်မှာ ငိုကြွေးနေခဲ့တာပါ။ပရိသတ်တွေကလည်း ဆက်ဇနီကို မက်တပ်ရပ်ပြီး ဂုဏ်ပြုခဲ့ပါတယ်။ပိုလန်ကစားသမားကတော့ စမ်းသပ်မှုတွေပြုလုပ်အပြီးမှာ အရာအားလုံးအဆင်ပြေတယ်လို့ ပြောခဲ့ပါတယ်။

ဆက်ဇနီက “အခုတော့ အဆင်ပြေသွားပါပြီ။စမ်းသပ်မှုတွေပြုလုပ်အပြီးမှာ အရာအားလုံးကောင်းမွန်ပါတယ်။အသက်ရှုူဖို့ ခက်ခဲခဲ့လို့ အနည်းငယ်စိုးရိမ်ခဲ့ရပြီး ကြောက်မိခဲ့ပါတယ်။အဲ့ဒါကြောင့်လည်း မျက်ရည်ကျခဲ့တာပါ”လို့ ပြောခဲ့ပါတယ်။

ဆက်ဇနီနေရာအစားဝင်လာခဲ့တဲ့ ဂိုးသမား ပီရင်ဟာ စပို့တင်းအသင်းရဲ့အပိုင်အခွင့်အရေးတွေကို ကာကွယ်နိုင်ခဲ့ပြီး ဂျူဗင်တပ်စ်အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ဒီပွဲမှာ ဂျူဗင်တပ်စ်အတွက်ဂိုးကို ဂတ်တီက သွင်းယူခဲ့တာပါ။

ဆက်ဇနီဟာ စမ်းသပ်မှုမှာ အရာအားလုံးအဆင်ပြေပေမယ့် လာမယ့် ဆက်ဆူအိုလိုနဲ့ပွဲမှာတော့ ပါဝင်ခွင့်ရ၊မရကိုတော့ စောင့်ဆိုင်းရဖွယ်ရှိနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Europa League

ပင်နယ်တီပေးပြီးရှုံးခဲ့တဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ်ပေါက်ကွဲ

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဆိုစီဒက်တို့ရဲ့ ယူရိုပါလိဂ်ပွဲမှာ ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ ပတ်သက်လို့ ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ် ပေါက်ကွဲနေကြပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ဆိုစီဒက်ကို ဒီပင်နယ်တီဂိုးကြောင့်ပဲ တဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ နောက်ခံလူ
Europa League

အဲလိဇဘက်ဘုရင်မကြီးအတွက် တမိနစ်ငြိမ်သက်ပေးချိန်မှာ လှောင်ပြောင်ခံခဲ့ရ

မနေ့ညက ကစားခဲ့တဲ့ ဇူးရစ်ချ်နဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ်အုပ်စုပွဲ ဒုတိယပိုင်းမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ခြင်းအတွက် တမိနစ် ငြိမ်သက် အောက်မေ့ခဲ့ကြပါတယ်။ ဒီပွဲ ကစားနေချိန်မှသာ ဘုရင်မကြီးရဲ့ သတင်းကို ကြားသိခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ဒုတိယပိုင်း ပွဲပြန်မစခင်မှာ