Europa League

ကမ္ဘာပေါ်မှာ ကံအဆိုးဆုံးဘောလုံးသမားဆိုပြီး ပြောခံနေရတဲ့ မက်ဂွဲယား

ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွဲယားဟာ ဆီဗီလာအသင်းနဲ့ ၂ ဂိုးစီသရေကျခဲ့တဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်ရဲ့ပွဲချိန် ၉၃ မိနစ်မှာ ဆီဗီလာအသင်းအဖိုးတန်ဂိုးရမယ့် ဂိုးကို ကိုယ့်ဂိုးကိုယ်သွင်းယူပေးခဲ့တာကြောင့် အသင်းအားပေးသူပရိသတ်တွေဟာ မယုံကြည်နိုင်အောင်ဖြစ်ခဲ့ရပါတယ်။

ဒီပွဲမှာ ဆာဘစ်ဇာက ယူနိုက်တက်အတွက် ပထမပိုင်းမှာ ဦးဆောင်ဂိုး ၂ ဂိုးသွင်းယူခဲ့တာပါ။ဒါပေမယ့် ၈၄ မိနစ်မှာ မာလာစီယာက ကိုယ့်ဂိုးကိုယ်သွင်းယူပြီးနောက် ၉၃ မိနစ်မှာ မက်ဂွဲယားက ကိုယ့်ဂိုးကိုယ်ထပ်ပြီး သွင်းယူခဲ့တာဖြစ်ပါတယ်။

ဆိုရှယ်ပေါ်မှာရှိတဲ့ ပရိသတ်အများအပြားကတော့ မက်ဂွဲယားကို ဒုတိယဂိုးအတွက် အပြစ်တင်လို့မရဘူးလို့ ယုံကြည်နေကြပြီး မက်ဂွဲယားဟာ သူနဲ့ ထိမယ့်ဘောလုံးကို တုံ့ပြန်ဖို့ အချိန်အနည်းငယ်သာ ရှိခဲ့တာဖြစ်ပါတယ်။ဒီဂိုးမှာ မက်ဂွဲယားအပြစ်မရှိကြောင်းနဲ့ အင်္ဂလန်ကစားသမားဟောင်း ကံမကောင်းသလို၊ကံလည်းဆိုးတယ်လို့ ပြောခဲ့တာပါ။

ပရိသတ်တစ်ဦးက”မက်ဂွဲယားဟာ ကမ္ဘာပေါ်မှာကံအဆိုးဆုံးဘောလုံးသမားပါ။အမြဲတမ်းသူပဲဖြစ်နေတာပါ”လို့ရေးသားခဲ့သလို နောက်တစ်ဦးကလည်း “မက်ဂွဲယားကို အပြစ်တင်လို့တောင်မရပါဘူး။သူဟာ ကံဆိုးနေပါတယ်”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

မက်ဂွဲယားဟာ ဒီရာသီ ယူနိုက်တက်အသင်းမှာ ပွဲထွက်ခွင့်ရဖို့ ခက်ခဲနေသလို ဆီဗီလာအသင်းနဲ့ ပွဲမှာလည်း လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရပြီး မကြာခဏဆိုသလို ဝေဖန်မှုတွေခံနေရတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Europa League

ပင်နယ်တီပေးပြီးရှုံးခဲ့တဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ်ပေါက်ကွဲ

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဆိုစီဒက်တို့ရဲ့ ယူရိုပါလိဂ်ပွဲမှာ ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ ပတ်သက်လို့ ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ် ပေါက်ကွဲနေကြပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ဆိုစီဒက်ကို ဒီပင်နယ်တီဂိုးကြောင့်ပဲ တဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ နောက်ခံလူ
Europa League

အဲလိဇဘက်ဘုရင်မကြီးအတွက် တမိနစ်ငြိမ်သက်ပေးချိန်မှာ လှောင်ပြောင်ခံခဲ့ရ

မနေ့ညက ကစားခဲ့တဲ့ ဇူးရစ်ချ်နဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ်အုပ်စုပွဲ ဒုတိယပိုင်းမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ခြင်းအတွက် တမိနစ် ငြိမ်သက် အောက်မေ့ခဲ့ကြပါတယ်။ ဒီပွဲ ကစားနေချိန်မှသာ ဘုရင်မကြီးရဲ့ သတင်းကို ကြားသိခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ဒုတိယပိုင်း ပွဲပြန်မစခင်မှာ