Europa League

ယူနိုက်တက်နဲ့ ယူရိုပါလိဂ်မှာ တွေ့ရမှာမို့ ကံမကောင်းဘူးလို့ ဇာဗီဝန်ခံ

ဘာစီလိုနာအသင်းနည်းပြ ဇာဗီက ယူရိုပါလိဂ်ပလေးအောဖ့်အဆင့်မဲခွဲမှုမှာ ယူနိုက်တက်အသင်းနဲ့ တွေ့ဆုံတဲ့ အပေါ် ကံမကောင်းခဲ့ဘူးလို့ပြောလိုက်ပါတယ်။

ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ထွက်ခွာလာရတဲ့ ဘာစီလိုနာအသင်းဟာ ယူရိုပါလိဂ်ပလေးအောဖ့်အဆင့်မှာ ဒီပြိုင်ပွဲရဲ့အုပ်စုတွင်း ဒုတိယရခဲ့တဲ့ ယူနိုက်တက်နဲ့ တွေ့ဆုံရမှာပါ။ဒီတွေ့ဆုံမှုဟာ ဒီအဆင့်ရဲ့အကောင်းဆုံးပွဲလည်းဖြစ်ပြီး ပရိသတ်တွေ စောင့်မျှော်နေတဲ့ ပွဲလည်းဖြစ်ပါတယ်။

ဇာဗီကတော့ ဒီတွေ့ဆုံမှုနဲ့ ပက်သက်ပြီး စိတ်ပျက်နေတာပါ။ဇာဗီက “အခက်အခဲ‌‌ဆုံးပြိုင်ဘက်နဲ့ ထပ်မံတွေ့ဆုံရတာပါ။ဒါပေမယ့် ကျွန်တော်တို့ကလည်း ဒါကို စောင့်မျှော်နေတာပါ။သူတို့ဟာ သမိုင်းကြောင်းရှိတဲ့အသင်းပါ”

“တန်ဟတ်ရောက်လာပြီးနောက် သူတို့ဟာ အများကြီးတိုးတက်လာပြီး နာမည်ကြီးကစားသမားတွေလည်း အများကြီးရှိပါတယ်။ဒါဟာ အဆိုးရွားဆုံးမဲခွဲမှုရလဒ်ပါ။ကျွန်တော်တို့ ကံမကောင်းခဲ့ဘူး”လို့ ပြောခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်က ထွက်လာရပြီးနောက် ယူရိုပါလိဂ်ဖလားကို အရယူမယ်လို့ ဇာဗီက ပြောထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Europa League

ပင်နယ်တီပေးပြီးရှုံးခဲ့တဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ်ပေါက်ကွဲ

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဆိုစီဒက်တို့ရဲ့ ယူရိုပါလိဂ်ပွဲမှာ ပေးခဲ့ရတဲ့ ပင်နယ်တီနဲ့ ပတ်သက်လို့ ယူနိုက်တက်ပရိသတ်တွေ အကြီးအကျယ် ပေါက်ကွဲနေကြပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ဆိုစီဒက်ကို ဒီပင်နယ်တီဂိုးကြောင့်ပဲ တဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ နောက်ခံလူ
Europa League

အဲလိဇဘက်ဘုရင်မကြီးအတွက် တမိနစ်ငြိမ်သက်ပေးချိန်မှာ လှောင်ပြောင်ခံခဲ့ရ

မနေ့ညက ကစားခဲ့တဲ့ ဇူးရစ်ချ်နဲ့ အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ်အုပ်စုပွဲ ဒုတိယပိုင်းမှာ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ကွယ်လွန်ခြင်းအတွက် တမိနစ် ငြိမ်သက် အောက်မေ့ခဲ့ကြပါတယ်။ ဒီပွဲ ကစားနေချိန်မှသာ ဘုရင်မကြီးရဲ့ သတင်းကို ကြားသိခဲ့ရတာပါ။ အဲ့ဒါကြောင့်လည်း ဒုတိယပိုင်း ပွဲပြန်မစခင်မှာ