World Cup 2022

နိုင်ငံအတွက် ကမ္ဘာ့ဖလားကန်ခွင့်ရမှာဖြစ်လို့ ခံစားချက်တွေ မထိန်းနိုင်ပဲဖြစ်ခဲ့တဲ့ အန်တိုနီ

ယူနိုက်တက်ကစားသမား အန်တိုနီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ဘရာဇီးလက်ရွေးစင်အသင်းရဲ့ကစားသမား ၂၆ ဦးစာရင်းကို ထုတ်ပြန်ခဲ့တာမှာ သူ့နာမည်ပါဝင်လာခဲ့လို့ ပျော်ရွှင်ပြီး ငိုကြွေးနေခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက အေဂျတ်စ်က‌နေ ရောက်ရှိလာတဲ့ အန်တိုနီဟာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ် ၃ ဂိုးသွင်းယူထားပြီး လက်ရှိအချိန်မှာ ဒဏ်ရာကြောင့် အသင်းရဲ့နောက်ဆုံး ၃ ပွဲကို လွဲချော်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အန်တိုနီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ဘရာဇီးလ်လူစာရင်းမှာ ပါဝင်ခဲ့တာပါ။အန်တိုနီဟာ ဘရာဇီးလ်အသင်းလူစာရင်းကြေညာချိန်မှာ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့အတူ ကြည့်ရှူနေခဲ့တာဖြစ်ပြီး သူ့နာမည်ပါဝင်ချိန်မှာ ပျော်ရွှင်စွာ အောင်ပွဲခံရင်း ငိုကြွေးခဲ့တာဖြစ်ပါတယ်။

ဘရူနိုဂွီမာရေ့စ်အပါအဝင် အခြားကစားသမားတွေကလည်း ဘရာဇီးလ်လူစာရင်းမှာ ပါဝင်ခဲ့လို့ ပျော်ရွှင်နေကြတာပါ။ဒီစာရင်းမှာ အန်တိုနီရဲ့ယူနိုက်တက်အသင်းဖော်တွေဖြစ်တဲ့ ဖရက်ဒ်နဲ့ ကတ်စမဲရိုးတို့လည်းပါဝင်ခဲ့ပြီး ဝါရင့်နောက်ခံလူ အဲလ်ဗတ်စ်လည်း ပါဝင်လာတာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းလူစာရင်းမှာ အခြားပရီးမီးယားလိဂ်ကစားသမားတွေဖြစ်တဲ့ ဂျီးဆပ်စ်၊ မာတင်နယ်လီနဲ့ ရစ်ချာလီဆန်တို့ပါဝင်ခဲ့ပြီး ဖာမီနိုကတော့ မပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလားအုပ်စုအဖွ့င့်ပွဲအဖြစ် နိုဝင်ဘာ ၂၄ ရက်မှာ ဆားဘီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

World Cup 2022

ကမ္ဘာ့ဖလားမှာ အင်္ဂလန် ကွာတားကထွက်ရမယ်လို့ စူပါကွန်ပျူတာ ခန့်မှန်း

စူပါကွန်ပျူတာဟာ လာမယ့် ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲမယ့်အသင်းနဲ့ ပတ်သက်လို့ ခန့်မှန်းပေးခဲ့ပြီး အသင်းတွေရဲ့ အုပ်စုတက်ရောက်ပုံ၊ ဘယ်အသင်းနဲ့ တွေ့ဆုံမယ်ဆိုတာကအစ အသေးစိတ် တွက်ချက် ခန့်မှန်းပေးခဲ့ပါတယ်။ ဒီအထဲမှာ နာမည်ကျော် အင်္ဂလန်ကတော့ ကွာတားဖိုင်နယ်ကနေ ထွက်ရမှာဖြစ်ပြီး ဘရာဇီးဗိုလ်စွဲမယ်လို့ ဆိုပါတယ်။
Premier League World Cup 2022

ကမ္ဘာ့ဖလားမကန်ရရင် လက်ရွေးစင်ကနေ အနားယူဖို့ အာနိုးလ်ကို အဘွန်လဟော်တိုက်တွန်း

ပရီးမီးယားလိဂ်ရဲ့ ဝါရင့်တိုက်စစ်မှူးဟောင်းကြီး ဂါဘရီရယ်အဘွန်လဟော်က နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းပိုင်း ကျဆင်းနေတဲ့ လီဗာပူးနဲ့ အင်္ဂလန်နောက်ခံလူ အာနိုးလ်နဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ အာနိုးလ်ဟာ ဒီရာသီမှာ ခြေစွမ်းပိုင်းကျဆင်းနေတာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါ့အပြင် အင်္ဂလန်မှာလည်း သူ့ရဲ့နေရာက မသေချာတော့ဘဲ