Laliga

ဗယ်လက်ကာနိုကို အရေးနိမ့်ခဲ့လို့ ဘာစီလိုနာကို ထိပ်ဆုံးနေရာ အပိုင်လွှဲပေးခဲ့ရတဲ့ ရီးရယ်လ်

ရီးရယ်လ်အသင်းဟာ လာလီဂါပွဲစဉ်မှာ ဗယ်လက်ကာနိုအသင်းနဲ့ ကစားခဲ့ရ ၃ ဂိုး- ၂ ဂိုးနဲ့ အရေးနိမ့်သွားခဲ့ပါတယ်။ဒါဟာ ရီးရယ်လ်အတွက် ဒီရာသီ ပထမဆုံးလာလီဂါရှုံးပွဲကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

ရီးရယ်လ်အသင်းဟာ ဒီပွဲမှာ ဘန်ဇီမာနဲ့ တိုနီကရူးစ်မပါဝင်တာကလွဲပြီး လူစုံထုတ်ခဲ့ပေမယ့် ဗယ်လက်ကာနိုအသင်းကို အရေးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။ဒီပွဲစဉ်ရဲ့ပထမပိုင်းမှာတင် အပြန်အလှန်သွင်းဂိုးတွေကြောင့် တစ်ဖက်၂ ဂိုးစီသရေကျခဲ့တာပါ။

ဒုတိယပိုင်းမှာ ပင်နယ်တီကနေ ထရီဂျိုက ဗယ်လက်ကာနိုအတွက် အနိုင်ဂိုးသွင်း‌ပေးခဲ့တာဖြစ်ပါတယ်။ရီးရယ်လ်အသင်းဟာ ဒီရှုံးပွဲကြောင့် လာလီဂါမှာ ၂ ပွဲဆက်နိုင်ပွဲပျောက်ဆုံးခဲ့တာပါ။ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ ပွဲမှာ ဂျီရိုနာအသင်းနဲ့ သရေကျခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ၂ ပွဲဆက်တိုက်ရမှတ်တွေ ဆုံးရှုံးပြီး ဘာစီလိုနာအသင်းရဲ့ကျော်တက်ခြင်းကို ခံရပြီဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာ ရီးရယ်လ်ကို အရေးနိမ့်ပြီးကတည်းက လာလီဂါ ၄ ပွဲဆက်တိုက်အနိုင်ရပြီး ရီးရယ်လ်အသင်းကို ၂ မှတ်အသာရကာ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ရီးရယ်လ်အသင်းဟာ ဒီတစ်ပတ်လာလီဂါ ပွဲစဉ်အဖြစ် ကာဒစ်ဇ်အသင်းနဲ့ အိမ်ကွင်းပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Laliga

ဂရစ်ဇ်မန်းကိစ္စ မလှိမ့်တပတ်လုပ်ခံရလို့ တီကိုအပေါ် တရားစွဲမယ့် ဘာစီလိုနာ

ဘာစီလိုနာဟာ အက်သလက်တီကိုတို့ ဂရစ်ဇ်မန်းကို ယူရိုသန်း (၄၀) နဲ့ အပြီးသတ်ခေါ်ယူမယ့်ကိစ္စကို မဖြစ်မနေ အသက်သွင်းသွားမှာဖြစ်ပြီး ဒီလိုမှမရရင် တရားဥပဒေနဲ့ ရင်ဆိုင်ဖို့ အသင့်ရှိနေတယ်လို့ သိရှိရပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာကနေ (၂) ရာသီအငှားစာချုပ်နဲ့ ရောက်ရှိနေတာဖြစ်ပြီး ဒီနွေရာသီမှာ
Laliga Transfer

ဂရစ်ဇ်မန်းကိစ္စတိုင်ပတ်နေတာ ကျနော့်အပူမပါဘူးလုပ်နေတဲ့ ဘာကာနည်းပြဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက အက်သလက်တီကိုထံ အငှားချထားတဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာပါတယ်။ အဆိုပါ ပြင်သစ် ကစားသမားဟာ အက်သလက်တီကိုမှာ (၂) ရာသီအငှား စာချုပ်နဲ့ သွားကစားနေတာပါ။ လာမယ့်နွေရာသီမှာ သူ့ရဲ့အငှားစာချုပ်က ကုန်ဆုံးမှာဖြစ်ပြီး နှစ်သင်းကြား