Champion League

နစ္စတယ်ရွိုင်းနဲ့ ဘတ်ပီရဲ့ ချန်ပီယံလိဂ်စံချိန်ကို ချိုးခဲ့တဲ့ ဟာလန်း

မန်စီးတီးအသင်းက လိုက်ပ်ဇစ်အသင်းကို ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူးဟာလန်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နောက်ထပ်စံချိန်သစ် ၂ ခုကိုတင်နိုင်ခဲ့ပါတယ်။

Soccer Football – Champions League – Group G – Manchester City v RB Leipzig – Etihad Stadium, Manchester, Britain – November 28, 2023 Manchester City’s Erling Braut Haaland celebrates after the match REUTERS/Molly Darlington

ဟာလန်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၃၅ ပွဲသာပါဝင်ကစားခဲ့ရပေမယ့် သွင်းဂိုး ၄၀ အမြန်ဆုံးပြည့်တဲ့ ကစားသမားအဖြစ် နစ္စတယ်ရွိုင်းရဲ့၄၅ ပွဲစံချိန်မှတ်တမ်းကို ကျော်ဖြတ်နိုင်ခဲ့တာပါ။နော်ဝေတိုက်စစ်မှူးဟာ အသက် ၂၃ နှစ်၊ ၁၃၀ ရက်နဲ့ ချန်ပီယံလိဂ်သွင်းဂိုး ၄၀ ပြည့်ခဲ့တာကြောင့် ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး ဘတ်ပီရဲ့ အသက်အငယ်ဆုံးနဲ့ ချန်ပီယံလိဂ်သွင်းဂိုး ၄၀ ပြည့်တဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဟာလန်းဟာ မကြာသေးခင်ကမှ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၅၀ ပြည့်တဲ့ အမြန်ဆုံးကစားသမားအဖြစ်လည်း စံချိန်တင်ထားတာပါ။မနှစ်ကမှ ဒေါ့မွန်ကနေ ရောက်ရှိလာတဲ့ ဟာလန်းဟာ မန်စီးတီးအသင်းအတွက် စံချိန်ပေါင်းများစွာကို တင်ထားပြီး ချန်ပီယံလိဂ်ဖလား၊ အက်ဖ်အေဖလားနဲ့ ပရီးမီးယားလိဂ်ဖလားတို့ကို ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဟာလန်းဟာ လက်ရှိအချိန်ထိ မန်စီးတီးအသင်းအတွက် ၇၃ ပွဲပါဝင်ကစားထားအပြီးမှာ ၇၁ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Champion League

ချန်ပီယံလိဂ်မှာ ရီးရယ်လ်ကို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးစာရင်းထဲ မထည့်တဲ့အပေါ် မအံဩကြောင်း အန်ဆယ်လော့တီပြော

အန်ဆယ်လော့တီက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးလောင်းကြေးတွေထဲမှာ ရီးရယ်လ်ကို မထည့်သွင်းတဲ့ အပေါ် မအံဩကြောင်း ပြောလိုက်ပါတယ်။ ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကမှ ချန်ပီယံလိဂ်ဆုဖလားကို ပူပူနွေးနွေးရယူထားတာပါ။ဒါပေမယ့် ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးအသင်းတို့ကသာ ရေပန်းအစားဆုံးအဖြစ် ရှိနေပါတယ်။ ရီးရယ်လ်အသင်းဟာ မနက်ဖြန်မနက်ပိုင်းမှာ
Champion League

“ကိတ်မုန့်တလုံးကို ဘယ်လိုမျှဝေစားရမယ်ဆိုတာကို သိသင့်တယ်” – အမ်ဘာပေ

ပီအက်စ်ဂျီတိုက်စစ်ကစားသမား အမ်ဘာပေက နေမာနဲ့ သူ့အကြား ပင်နယ်တီဘယ်သူကန်မယ်ဆိုတာ အငြင်းပွားနေတဲ့အပေါ် ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ နေမာနဲ့ အမ်ဘာပေတို့ ပီအက်စ်ဂျီမှာ ပင်နယ်တီလုကန်ရင်း ဒီရာသီအစောပိုင်းမှာတင် နှစ်ကြိမ် ပြဿနာဖြစ်ပြီးပါပြီ။ အမ်ဘာပေကတော့ အသင်းရဲ့ ပင်နယ်တီကို ပင်တိုင်ကန်သွင်းဖို့ ဦးစားပေး သတ်မှတ်ခံထားရတာပါ။