Champion League

ပီအက်စ်ဂျီကို ပင်နယ်တီပေးခဲ့တာက အလွန်ညံ့ဖျင်းတဲ့ ဆုံးဖြတ်ချက်လို့ အက်ဒီဟိုဝီပေါက်ကွဲ

နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟိုဝီက ပီအက်စ်ဂျီအသင်းနဲ့ ၁ ဂိုးစီသရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းဘက်ကို ပင်နယ်တီပေးခဲ့တဲ့ ဆုံးဖြတ်ချက်ကို အလွန်စိတ်ပျက်မိတယ်လို့ ပြောလိုက်ပါတယ်။

နယူးကာဆယ်အသင်းဟာ ၁ ဂိုး- ဂိုးမရှိနဲ့ ဦးဆောင်ထားချိန်နောက်ဆုံးမိနစ်အရောက်မှာ ပီအက်စ်ဂျီအသင်းက ပင်နယ်တီကန်သွင်းခွင့်ရရှိခဲ့တာပါ။နယူးကာဆယ်အသင်းနောက်ခံလူ လီဗာရာမန်တို ဂိုးဧရိယာအတွင်းလက်နဲ့ ထိခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်လူကြီးက VAR ကြည့်ရှုကာ ပီအက်စ်ဂျီအသင်းကို ပင်နယ်တီပေးခဲ့တာဖြစ်ပါတယ်။

ဒီပင်နယ်တီကို ဘတ်ပီက ဂိုးဝင်အောင်ကန်သွင်းနိုင်ခဲ့ပြီး နယူးကာဆယ်အသင်းနိုင်ပွဲမရအောင်လုပ်ဆောင်သွားနိုင်ခဲ့တာပါ။အက်ဒီဟိုဝီကတော့ ပင်နယ်တီပေးခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် အလွန်စိတ်ပျက်နေခဲ့တာဖြစ်ပါတယ်။

အက်ဒီဟိုဝီက “ဒါက ပင်နယ်တီမဟုတ်ပါဘူး။ရင်ဘတ်ကိုထိပြီးမှ လက်နဲ့ ထိခဲ့တာပါ။လက်နဲ့ထိခဲ့ရင်တောင် အလွန်နီးကပ်နေလို့ ဒါက ပင်နယ်တီမဟုတ်ပါဘူး။ရင်ဘတ်နဲ့ အရင်ထိပြီးမှ လက်နဲ့ ထိတာကြောင့် ဒါက ပင်နယ်တီမဟုတ်ပါဘူး။တကယ်ကို ညံ့ဖျင်းလွန်းတဲ့ ဆုံးဖြတ်ချက်ပါပဲ”လို့ ဆိုခဲ့ပါတယ်။

နယူးကာဆယ်အသင်းဟာ နောက်ဆုံးပွဲမှာ အေစီမီလန်အသင်းကို အနိုင်ယူနိုင်ခဲ့ရင်တောင် နောက်တစ်ဆင့်တက်ဖို့က သူတို့ရဲ့လက်ထဲမှာ မရှိတော့ဘဲ ပီအက်စ်ဂျီအသင်းရဲ့ ပွဲအပေါ်မှာသာ မူတည်တော့မှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Champion League

ချန်ပီယံလိဂ်မှာ ရီးရယ်လ်ကို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးစာရင်းထဲ မထည့်တဲ့အပေါ် မအံဩကြောင်း အန်ဆယ်လော့တီပြော

အန်ဆယ်လော့တီက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးလောင်းကြေးတွေထဲမှာ ရီးရယ်လ်ကို မထည့်သွင်းတဲ့ အပေါ် မအံဩကြောင်း ပြောလိုက်ပါတယ်။ ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကမှ ချန်ပီယံလိဂ်ဆုဖလားကို ပူပူနွေးနွေးရယူထားတာပါ။ဒါပေမယ့် ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးအသင်းတို့ကသာ ရေပန်းအစားဆုံးအဖြစ် ရှိနေပါတယ်။ ရီးရယ်လ်အသင်းဟာ မနက်ဖြန်မနက်ပိုင်းမှာ
Champion League

“ကိတ်မုန့်တလုံးကို ဘယ်လိုမျှဝေစားရမယ်ဆိုတာကို သိသင့်တယ်” – အမ်ဘာပေ

ပီအက်စ်ဂျီတိုက်စစ်ကစားသမား အမ်ဘာပေက နေမာနဲ့ သူ့အကြား ပင်နယ်တီဘယ်သူကန်မယ်ဆိုတာ အငြင်းပွားနေတဲ့အပေါ် ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ နေမာနဲ့ အမ်ဘာပေတို့ ပီအက်စ်ဂျီမှာ ပင်နယ်တီလုကန်ရင်း ဒီရာသီအစောပိုင်းမှာတင် နှစ်ကြိမ် ပြဿနာဖြစ်ပြီးပါပြီ။ အမ်ဘာပေကတော့ အသင်းရဲ့ ပင်နယ်တီကို ပင်တိုင်ကန်သွင်းဖို့ ဦးစားပေး သတ်မှတ်ခံထားရတာပါ။