Champion League

ရိုဒရီက ဥရောပရဲ့အကောင်းဆုံးကွင်းလယ်ကစားသမားလို့ ဆိုခဲ့တဲ့ ဂွာဒီယိုလာ

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ရက်ဒ်စတားဘဲလ်ဂရိတ်အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ ရိုဒရီဟာ ဥရောပရဲ့အကောင်းဆုံးကွင်းလယ်ကစားသမားလို့ ချီးကျူးသွားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ဒီပွဲမှာ ဘူကာရီရဲ့သွင်းဂိုးနဲ့ ရက်ဒ်စတားဘဲလ်ဂရိတ်အသင်းရဲ့ဦးဆောင်ခြင်းကို ခံခဲ့ရပေမယ့် အယ်လ်ဗားရတ်ဇ်က ၂ ဂိုးနဲ့ ရိုဒရီက ၁ ဂိုးသွင်းယူသွားခဲ့တာပါ။အဲ့ဒါကြောင့် ချန်ပီယံလိဂ်လက်ရှိချန်ပီယံအသင်းဟာ ချန်ပီယံဆုကိုကာကွယ်ရမယ့် အဖွင့်ပွဲစဉ်ကို နိုင်ပွဲနဲ့ စတင်နိုင်ခဲ့တာဖြစ်ပါတယ်။

ရိုဒရီဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက မန်စီးတီးအသင်းချန်ပီယံဖြစ်စေမယ့်တစ်လုံးထဲသော ဂိုးကို သွင်းယူခဲ့တာဖြစ်ပြီး အခုအချိန်ထိအကောင်းဆုံးပုံစံတွေကို ပြသနေခဲ့လို့ နည်းပြ ဂွာဒီယိုလာရဲ့ချီးကျူးခြင်းကို ရရှိခဲ့တာပါ။

ဂွာဒီယိုလာက “အခုအချိန်မှာ ရိုဒရီက ဥရောပရဲ့အကောင်းဆုံးကွင်းလယ်ကစားသမားပါ။သူဟာ ပိုပြီးကောင်းလာနိုင်သလို တိုးတက်လာနိုင်မယ်လို့ မျှော်လင့်ထားပေမယ့် သူက ထူးခြားတဲ့ကွင်းလယ်ကစားသမားတစ်ဦးပါ။အသင်းက ဒီလိုကစားသမားမျိုးကို ခေါ်ယူခဲ့တာ ကံကောင်းပါတယ်”

“ရိုဒရီဟာ ရောက်လာချိန်တုန်းက ဒီလိုကစားသမားမျိုးမဟုတ်ပေမယ့် အခုတော့ အသင်းခေါင်းဆောင်တစ်ဦးဖြစ်နေပြီး ထိပ်တန်းကစားသမားပါ”လို့ ဆိုခဲ့ပါတယ်။

MANCHESTER, ENGLAND – SEPTEMBER 19: Rodri of Manchester City celebrates after scoring the team’s third goal during the UEFA Champions League Group G match between Manchester City and FK Crvena zvezda at Etihad Stadium on September 19, 2023 in Manchester, England. (Photo by Michael Regan/Getty Images)

အသက် ၂၇ နှစ်အရွယ်ရှိ ရိုဒရီဟာ မန်စီးတီးအသင်းအတွက် ၂၁၅ ပွဲပါဝင်ကစားထားပြီး ဂိုး ၂၀ သွင်းယူကာ ပြီးခဲ့တဲ့ရာသီ ဆုဖလား ၃လုံးရယူနိုင်ခဲ့တဲ့ အသင်းရဲ့အစိတ်အပိုင်းလည်းဖြစ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Champion League

ချန်ပီယံလိဂ်မှာ ရီးရယ်လ်ကို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးစာရင်းထဲ မထည့်တဲ့အပေါ် မအံဩကြောင်း အန်ဆယ်လော့တီပြော

အန်ဆယ်လော့တီက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးလောင်းကြေးတွေထဲမှာ ရီးရယ်လ်ကို မထည့်သွင်းတဲ့ အပေါ် မအံဩကြောင်း ပြောလိုက်ပါတယ်။ ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကမှ ချန်ပီယံလိဂ်ဆုဖလားကို ပူပူနွေးနွေးရယူထားတာပါ။ဒါပေမယ့် ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးအသင်းတို့ကသာ ရေပန်းအစားဆုံးအဖြစ် ရှိနေပါတယ်။ ရီးရယ်လ်အသင်းဟာ မနက်ဖြန်မနက်ပိုင်းမှာ
Champion League

“ကိတ်မုန့်တလုံးကို ဘယ်လိုမျှဝေစားရမယ်ဆိုတာကို သိသင့်တယ်” – အမ်ဘာပေ

ပီအက်စ်ဂျီတိုက်စစ်ကစားသမား အမ်ဘာပေက နေမာနဲ့ သူ့အကြား ပင်နယ်တီဘယ်သူကန်မယ်ဆိုတာ အငြင်းပွားနေတဲ့အပေါ် ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ နေမာနဲ့ အမ်ဘာပေတို့ ပီအက်စ်ဂျီမှာ ပင်နယ်တီလုကန်ရင်း ဒီရာသီအစောပိုင်းမှာတင် နှစ်ကြိမ် ပြဿနာဖြစ်ပြီးပါပြီ။ အမ်ဘာပေကတော့ အသင်းရဲ့ ပင်နယ်တီကို ပင်တိုင်ကန်သွင်းဖို့ ဦးစားပေး သတ်မှတ်ခံထားရတာပါ။