Uncategorized

အိပ်မက်ကလပ်ဘာစီလိုနာမှာ ထူးရှယ်စွမ်းဆောင်ရည်တွေပြသနေတဲ့ ဂျာအိုဖီးလစ်

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့နောက်ဆုံးနေ့က အေတီကိုအသင်းကနေ အငှားနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဂျာအိုဖီးလစ်ဟာ ဘာစီလိုနာကစားသမားဘ၀ ပွဲဦးထွက်ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်တဲ့ အန့်ဝပ်အသင်းနဲ့ပွဲမှာ ခြေစွမ်းပြပြီး သွင်းဂိုးတွေသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဘက်တစ်အသင်းနဲ့ လာလီဂါပွဲစဉ်မှာ ဘာစီလိုနာကစားသမားဘ၀ ပထမဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့တဲ့ ဂျာအိုဖီးလစ်ဟာ အန့်ဝပ်အသင်းနဲ့ ပွဲစဉ်မှာ ဘာစီလိုနာကစားသမားဘ၀ ပထမဆုံးချန်ပီယံလိဂ်သွင်းဂိုးကို ရယူနိုင်ခဲ့တာပါ။ဘာစီလိုနာအသင်းက ၅ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ ဂျာအိုဖီးလစ်ဟာ ၂ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဂျာအိုဖီးလစ်ဟာ လီဝန်ဒေါစကီးရဲ့သွင်းဂိုးကိုလည်း ဖန်တီးနိုင်ခဲ့တာကြောင့် ဒီပွဲရဲ့အကောင်းဆုံးကစားသမားအဖြစ်လည်း သတ်မှတ်ခံခဲ့ရတာပါ။ပေါ်တူဂီကစားသမားဟာ အသလက်တီကိုအသင်းနဲ့အတူ စိတ်ပျက်ဖွယ်တွေကြုံတွေ့ခဲ့ရပေမယ့် ဘာစီလိုနာအသင်းမှာ သူ့ရဲ့ခြေစွမ်းတွေကို ပြန်မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

Soccer Football – Champions League – Group H – FC Barcelona v Royal Antwerp – Estadi Olimpic Lluis Companys, Barcelona, Spain – September 19, 2023 FC Barcelona’s Joao Felix celebrates scoring their first goal REUTERS/Albert Gea

ဂျာအိုဖီးလစ်က “ကျွန်တော်ဒီမှာ အလွန်ပျော်ရွှင်နေပါတယ်။ကျွန်တော့်ရဲ့အသင်းဖော်တွေက ကျွန်တော့်ကို အများကြီးအကူအညီပေးခဲ့ပြီး ကျွန်တော်ဟာ ကလပ်နဲ့ ပရိသတ်တွေကို ပျော်ရွှင်စရာတွေယူဆောင်လာနိုင်အောင် အကူအညီပေးဖို့ ဒီကို ရောက်ရှိလာတာပါ”လို့ ဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Uncategorized

Content Технические Характеристики 1xbet (мобильное Приложение) Как Скачать Зеркало Официального Сайта 1xbet? Регистрация По Номеру Телефона Популярные Букмекеры Особенности Приложения
Uncategorized

Bonus Wyjąwszy Depozytu W Ice Casino Odbierz Bonus Na Start!

Limity umowy stosowane w Ice Casino są powiązane zwłaszcza z samą metodą płatności. Minimalne depozyty wynoszą dwadzieścia zł, co jest