Champion League

ဘတ်ပီက ကမ္ဘာ့အကောင်းဆုံးကစားသမားလို့ ဆိုခဲ့တဲ့ လူးဝစ်အင်းနရစ်

ပီအက်စ်ဂျီအသင်းနည်းပြ လူးဝစ်အင်းနရစ်က ဒေါ့မွန်အသင်းနဲ့ ချန်ပီယံလိဂ် ပွဲမှာ စွမ်းဆောင်ရည်ကောင်းတွေပြသခဲ့တဲ့ တိုက်စစ်မှူး ဘတ်ပီဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ရာသီအစပိုင်းက ပီအက်စ်ဂျီအသင်းနဲ့ တင်းမာမှုတွေရှိခဲ့လို့ အသင်းလူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့ ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းအတွက် ပြန်လည်ပါဝင်ကစားခွင့်ရတဲ့အချိန်မှာ အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ပြသနေခဲ့တာဖြစ်ပါတယ်။ဘတ်ပီဟာ ဒေါ့မွန်အသင်းနဲ့ပွဲမှာ ပီအက်စ်ဂျီအတွက်ဂိုးသွင်းယူပြီးနောက် ချန်ပီယံလိဂ်မှာသွင်းဂိုး ၄၁ ဂိုးအထိရှိသွားခဲ့တာပါ။

ပီအက်စ်ဂျီအသင်းနည်းပြ လူးဝစ်အင်းနရစ်က “ကျွန်တော့်အတွက်တော့ ကိုင်လီယန်ဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားပါ။သူရဲ့နည်းစနစ်ပိုင်းအရည်အသွေးတွေထက် ကျွန်တော့်အပေါ်သူ့ရဲ့သက်ရောက်မှုက လူသာအရည်အသွေးပါ။အဝတ်လဲခန်းထဲမှာ သူ့ကိုတွေ့ရတာ ကျွန်တော်ဝမ်းသာပါတယ်။သူက ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အမြဲတမ်းပြုံရွှင်နေတာပါ”လို့ ဆိုခဲ့ပါတယ်။

Soccer Football – Champions League – Group F – Paris St Germain v Borussia Dortmund – Parc des Princes, Paris, France – September 19, 2023 Paris St Germain’s Kylian Mbappe in action with Borussia Dortmund’s Niklas Suele REUTERS/Benoit Tessier

အသက် ၂၄ နှစ်အရွယ်ရှိ ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းအတွက် ၅ ပွဲကစားပြီးချိန်မှာ ၈ ဂိုးသွင်းယူထားတာပါ။ပီအက်စ်ဂျီအသင်းဟာ အခုရာသီအကုန်မှာ စာချုပ်ကုန်ဆုံးမယ့် ဘတ်ပီကို စာချုပ်သက်တမ်းတိုးဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Champion League

ချန်ပီယံလိဂ်မှာ ရီးရယ်လ်ကို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးစာရင်းထဲ မထည့်တဲ့အပေါ် မအံဩကြောင်း အန်ဆယ်လော့တီပြော

အန်ဆယ်လော့တီက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးလောင်းကြေးတွေထဲမှာ ရီးရယ်လ်ကို မထည့်သွင်းတဲ့ အပေါ် မအံဩကြောင်း ပြောလိုက်ပါတယ်။ ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကမှ ချန်ပီယံလိဂ်ဆုဖလားကို ပူပူနွေးနွေးရယူထားတာပါ။ဒါပေမယ့် ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးအသင်းတို့ကသာ ရေပန်းအစားဆုံးအဖြစ် ရှိနေပါတယ်။ ရီးရယ်လ်အသင်းဟာ မနက်ဖြန်မနက်ပိုင်းမှာ
Champion League

“ကိတ်မုန့်တလုံးကို ဘယ်လိုမျှဝေစားရမယ်ဆိုတာကို သိသင့်တယ်” – အမ်ဘာပေ

ပီအက်စ်ဂျီတိုက်စစ်ကစားသမား အမ်ဘာပေက နေမာနဲ့ သူ့အကြား ပင်နယ်တီဘယ်သူကန်မယ်ဆိုတာ အငြင်းပွားနေတဲ့အပေါ် ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ နေမာနဲ့ အမ်ဘာပေတို့ ပီအက်စ်ဂျီမှာ ပင်နယ်တီလုကန်ရင်း ဒီရာသီအစောပိုင်းမှာတင် နှစ်ကြိမ် ပြဿနာဖြစ်ပြီးပါပြီ။ အမ်ဘာပေကတော့ အသင်းရဲ့ ပင်နယ်တီကို ပင်တိုင်ကန်သွင်းဖို့ ဦးစားပေး သတ်မှတ်ခံထားရတာပါ။