Bundesliga

ဘွန်ဒစ်လီဂါအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တဲ့ ဘယ်လင်ဂမ်

ဒေါ့မွန်အသင်းကွင်းလယ်ကစားသမား ဘယ်လင်ဂမ်ဟာ အခုနှစ်ရာသီ ဘွန်ဒစ်လီဂါအကောင်းဆုံး ကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။

အင်္ဂလန်ကစားသမားဟာ ဒီရာသီမှာ ဒေါ့မွန်အသင်း ဘွန်ဒစ်လီဂါဖလား ရယူနိုင်မယ့် လက်တစ်ကမ်းအလိုအထိ ရောက်ရှိအောင်ခြေစွမ်းပြသနိုင်ခဲ့တာပါ။ဒေါ့မွန်အသင်းဟာ ဘွန်ဒစ်လီဂါဖလားကို နောက်ဆုံးပွဲမတိုင်ခင်အထိ ရယူနိုင်ဖို့ အခြေအနေကောင်းခဲ့ပေမယ့် နောက်ဆုံးပွဲမှာ မိန့်ဇ်နဲ့ သရေကျခဲ့လို့ ဆုဖလားကို ဘိုင်ယန်မြူးနစ်အသင်းဆီ လွှဲပြောင်းပေးခဲ့ရတာဖြစ်ပါတယ်။

အသက် ၁၉ နှစ်အရွယ်ရှိ ဘယ်လင်ဂမ်ဟာ ဒီရာသီမှာ ဒေါ့မွန်အသင်းအတွက် ဘွန်ဒစ်လီဂါ ၃၁ ပွဲမှာ ၈ ဂိုးသွင်းယူနိုင်ခဲ့တာအပါအဝင် ပြိုင်ပွဲစုံ ၄၂ ပွဲမှာ ၁၄ ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။အဲ့ဒါကြောင့်လည်း အခုနှစ်ရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဘယ်လင်ဂမ်ဟာ အခုနွေရာသီမှာ ရီးရယ်လ်အသင်းကို ပြောင်းရွှေ့တော့မှာဖြစ်ပြီး ပြောင်းရွှေ့ကြေးလည်း သဘောတူညီမှုရခဲ့ပြီဖြစ်တာကြောင့် စပိန်ကလပ်ဟာ အပြောင်းအရွှေ့ကို မကြာခင်အချိန်မှာ တရားဝင်ကြေညာနိုင်ဖွယ် ရှိနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Bundesliga Premier League

ကွန်တီကို နှစ်ပေါက်တပေါက်ရိုက်ဖို့ လုပ်နေတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ လာမယ့်နွေရာသီမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် တဖက်လှည့်အနေအထားမျိုးနဲ့ ကြိုးစားနေကြောင်း သိရှိရပါတယ်။ အဆိုပါ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ လာမယ့်နွေရာသီမှာ စပါးနဲ့ စာချုပ်သက်တမ်း နောက်ဆုံးကာလအတွင်းကို ရောက်ရှိလာမှာပါ။ ဟယ်ရီကိန်းနဲ့ စပါးစာချုပ်သက်တမ်းက (၂၀၂၄) မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
Bundesliga

ကမ္ဘာ့ဖလားပြိုင်ပွဲနီးလာကမှ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခဲ့ရတဲ့ မာကိုရူးစ်

ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရူးစ်ဟာ ရှော်လ်ကေးနဲ့ ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ထမ်းစင်နဲ့ ကွင်းထဲကနေ သယ်ထုတ်သွားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ မာကိုရူးစ်ဟာ ရှော်လ်ကေးအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာကြောင့် စိတ်ပျက်ပြီး ငိုကြွေးနေတာကိုပါ