ပြင်သစ်လီဂူး

အခုနှစ်ရာသီ လီဂူးဝမ်းအကောင်းဆုံးကစားသမားဆုကို ဘတ်ပီရရှိ

ပီအက်စ်ဂျီအသင်းကို အခုနှစ်ရာသီ လီဂူးဝမ်းပြိုင်ပွဲမှာ ချန်ပီယံဆုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဘတ်ပီဟာ လီဂူးဝမ်းပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။

ဘတ်ပီဟာ ဒီဆုကို ၄ နှစ်ဆက်တိုက်ရရှိသွားခဲ့တာဖြစ်ပြီး အရင်က အီဘရာဟီမိုဗစ်နဲ့ ၃ ကြိမ်ဆီတူညီနေတဲ့ အနေအထားကနေ အခုအချိန်မှာ ၄ ကြိမ်နဲ့ အများဆုံးရရှိတဲ့ ကစားသမားဖြစ်သွားခဲ့ပါတယ်။ဘတ်ပီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး လီဂူးဝမ်း ၃၃ ပွဲမှာ ၂၈ ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါ။

ဒါ့အပြင် ပြင်သစ်တိုက်စစ်မှူးဟာ ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၄၂ ပွဲမှာ ဂိုး ၄၀ အထိသွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ဘတ်ပီကတော့ ဆုရယူနိုင်ခဲ့တဲ့အတွက် အသင်းမှာရှိတဲ့ သူတွေအားလုံးကို ကျေးဇူးတင်ကြောင်း ပြောခဲ့တာပါ။

ဘတ်ပီဟာ အခုရာသီအကုန်မှာ ပီအက်စ်ဂျီကနေ ထွက်ခွာသွားနိုင်တယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် လာမယ့်ရာသီ အသင်းမှာဆက်ရှိမယ်လို့လည်း အတည်ပြုသွားခဲ့ပါတယ်။ဘတ်ပီနဲ့ ပီအက်စ်ဂျီတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၄ မှာ ကုန်ဆုံးမှာဖြစ်ပြီး ၁ နှစ်သက်တမ်းတိုးခွင့်ရှိနေတာ ဖြစ်ပါတယ်။

ဘတ်ပီဟာ ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲရဲ့အကောင်းဆုံးအသင်းမှာ အသင်းဖော်တွေဖြစ်တဲ့ မက်ဆီ၊ နူနိုမန်ဒက်စ်၊ ဟာကီမီတို့နဲ့အတူလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ပြင်သစ်လီဂူး

အာဂျင်တီးနားနဲ့ ပြီးတော့ ပီအက်စ်ဂျီနဲ့ပါ ဖရီးကစ်ကနေ ဂိုးသွင်းယူခဲ့ပြန်တဲ့ မက်ဆီ

ပီအက်စ်ဂျီအသင်းက နိုက်စ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ မက်‌ဆီဟာ ဖရီးကစ်ကနေ တိုက်ရိုက်ဂိုးကန်သွင်းယူခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် ဒုတိယဂိုးကို ဘတ်ပီက သွင်းယူခဲ့တာပါ။မက်ဆီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး အာဂျင်တီးနားအတွက် ဖရီးကစ်ဂိုးသွင်းပြီး
ပြင်သစ်လီဂူး

တစ်ရာသီကို အနီကတ်တစ်ကတ်မှ မထိရရင် နေမထိထိုင်မသာဖြစ်နေတဲ့ ရာမို့စ်

ရာမို့စ်ဟာ ရိမ်းစ်နဲ့ ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်းပွဲစဉ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံရပြီးနောက် ကစားသမားဘဝ ၂၈ ကတ်မြောက်အနီကတ်ကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ရာမို့စ်ဟာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဒိုင်လူကြီးက အဝါကတ်တစ်ကြိမ်ပြသခဲ့ပြီးဖြစ်ပေမယ့် ဒိုင်လူကြီးကို စောဒကတက်ခဲ့တာကြောင့် နောက်ထပ် အဝါကတ်ပြသခံရပြီး ထုတ်ပယ်ခံခဲ့ရတာပါ။